ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး ချေးငွေထုတ်ပေးရေးအဖွဲ့  နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)သည်မြန်မာတွင် အသေးစားလုပ်ငန်း များကို ကူညီထောက်ပံ့ရေးအတွက် အသေးစားချေးငွေ ထုတ်ချေးမည့် ဘဏ်တစ်ခု ဖွင့်လှစ်ရေးအတွက် ဒေါ်လာနှစ်သန်း ထုတ်ချေး သွားမည် ဟု ကြောငြာလိုက်သည်။
IFC သည့် မြန်မာတွင် ကမ္ဘောဒီးယား၏ ACLED ဘဏ်အပါအဝင် ဂျာမန်၊ ပြင်သစ်အဖွဲ့များနှင့် ပူးပေါင်းကာACLEDA MFI Myanmar ဟု ခေါ်သည့် အသေး စားချေးငွေ ထုတ်ချေးရေး ဘဏ်တစ်ခုကိုဖွင့်လှစ်သွားမည်ဖြစ်သည်။ဘဏ်ကို ယခုနှစ်ဆန်းပိုင်းတွင်ပင် ဖွင့်လှစ်သွား မည်ဟုသိရသည်။
IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒါရိုက်တာ ဆာဂျီယိုပီမင်တာက “ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံ မှုဟာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးအတွက် ကောင်းသောစတင်ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့  အလုပ်အကိုင်တွေ ပိုမိုဖန်တီးရေးကို ကူညီနိုင်မှာပါ” ဟု ပြောကြားသည်။
ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် မြန်မာသို့ ငွေကြေးအကူအညီ ဒေါ်လာ ၂၄၅ သန်းပေးအပ် ခဲ့ပြီး ဖြစ်သည်။
REF: AFP
The Myanma Age
ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေး ချေးငွေထုတ်ပေးရေးအဖွဲ့  နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်
IFC သည့် မြန်မာတွင် ကမ္ဘောဒီးယား၏ ACLED ဘဏ်အပါအဝင် ဂျာမန်၊ ပြင်သစ်အဖွဲ့များနှင့် ပူးပေါင်းကာACLEDA MFI Myanmar ဟု ခေါ်သည့် အသေး စားချေးငွေ ထုတ်ချေးရေး ဘဏ်တစ်ခုကိုဖွင့်လှစ်သွားမည်ဖြစ်သည်။ဘဏ်ကို ယခုနှစ်ဆန်းပိုင်းတွင်ပင် ဖွင့်လှစ်သွား မည်ဟုသိရသည်။
IFC ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒါရိုက်တာ ဆာဂျီယိုပီမင်တာက “ကျွန်တော်တို့ရဲ့ ရင်းနှီးမြုပ်နှံ မှုဟာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးအတွက် ကောင်းသောစတင်ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့  အလုပ်အကိုင်တွေ ပိုမိုဖန်တီးရေးကို ကူညီနိုင်မှာပါ” ဟု ပြောကြားသည်။
ကမ္ဘာ့ဘဏ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် မြန်မာသို့ ငွေကြေးအကူအညီ ဒေါ်လာ ၂၄၅ သန်းပေးအပ် ခဲ့ပြီး ဖြစ်သည်။
REF: AFP
The Myanma Age
No comments:
Post a Comment