Thursday 24 January 2013

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူ အညီပေးရေး အေဂျင်စီများအား အတားအဆီမရှိဝင်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက် တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်စစ်ပွဲကြောင့် ကချင်ဒေသမှအရပ်သားများ ဘေးကင်းလုံခြုံရေးကို အမေရိကန်ပြည်ထောင်စု အနေဖြင့် များစွာ စိုးရိမ်ပူပန်လျှက်ရှိကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းအတွက် အမေရိ ကန်ပြည်ထောင်စုအနေဖြင့်  စိုးရိမ်ပူပန်ကြောင်းစသည် အချက်များအား အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။

ထိုသို ဆက်လက်တိုက်ခိုက်မှုများရှိနေသေးခြင်းသည် အရပ်သားများထိခိုက်သေကြေစေကာ အမျိုး သားပြန်လည်သင့်မြတ်ရေးအား အားယုတ်စေကြောင်း ထို ထုတ်ပြန်ချက်တွင် အမေရိကန်က ထောက်ပြ ထားသည်။

မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ ၁၉မှ စကာ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေ ကာမူ မြန်မာ့ တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်တော်ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်တွင် ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေ သည် ကို မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများ ကဖော်ပြနေကြောင်း သတင်းထုတ်ပြန်ချက်မှ ဆိုသည်။

ကချင်အရေးနှင့်  ပတ်သတ်၍ အမေရိကန်အစိုး၏ ထုတ်ပြန်ချက်ထွက်ရှိပြီးနောက် နိုင်ငံတော် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က “သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတစ်ခုတည်းကိုသာရည်ညွှန်းပြီး ကျန် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကေအိုင်အေအဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက်ပစ်မှတ်များကိုတိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန်ပျက်ကွက်မှုနဲ့ လဂျားယန်ဒေသက တပ်မတော်စခန်းများကို ကေအိုင်အေတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်။ ” ပာု ၎င်း ဖေ့ဘုတ် ကိုယ်ပိုင်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထိုးစစ်တဖက်သတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို ယခုလ ၁၈ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက် ထုတ်ပြန်ပြီးနောက် ယမန်နေ့က အထိ ကေအိုင်အေအဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု (၉) ကြိမ်ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment