Thursday 24 January 2013

ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်

Photo: ချို့တဲ့အသည်းဝေဒနာရှင်များကို အခမဲ့ကုပေးမည်
Thursday, January 24, 2013

အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်းပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

အဆိုပါ H+100 အသည်းကူ ညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်းဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်
မိခင်များအား ဘီပိုးစီပိုးကြောင့် အသက်မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။

၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ်အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေ အခက်အခဲ အရ အခမဲ့ဆေးဝါးကုသပေးမှု အား ရပ်ဆိုင်းခဲ့သော်လည်း ယခု အခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူ ဒါန်းငွေဖြင့် လူနာအသစ်များအား လက်ခံကုသပေးသွားမည် ဖြစ် ကြောင်း သိရသည်။
”အဓိက ကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေးမတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound  ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေး
နေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့သူတွေကို လည်း လုံးဝ
ပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆို သည်။

ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လလျှင် လေးရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သောရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်
ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီ
တောင်းခံနိုင်ကြောင်း ထပ်မံသိရ သည်။

PN-020
Popular Myanmar News Journal
အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးကူးစက်ခံထားရသည့် ဆင်းရဲမ်း ပါးသူများ အသက်မဆုံးရှုံးစေရေးအတွက် H+100 အသည်းကူညီမှု အဖွဲ့က မန္တလေးမြို့၌ အခမဲ့ဆေးဝါးကုသ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

အဆိုပါ H+100 အသည်းကူညီမှုအဖွဲ့ကို မန္တလေးမြို့ရှိ စာနယ် ဇင်း ဆရာများ၊ ဆရာဝန်ကြီးများ နှင့် မန္တလေးအခြေစိုက် သဘင်အနု ပညာရှင်များ အပါအဝင် အလှူရှင် များဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ငွေကြေးချို့တဲ့သူ အသည်းရောဂါ ဝေဒနာ ရှင်များ၊ ဘီပိုး စီပိုးကူးစက်ခံထားရ သည့် သံဃာတော်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဘီပိုး စီပိုးကြောင့် အသက်မသေဆုံးစေရေးအတွက် အထူးဦးစားပေး၍ အခမဲ့ကုသပေးလျက်ရှိသည်ဟု ၄င်းအဖွဲ့ မှ အဖွဲ့ဝင် ဦးသောင်း ထွန်းက ပြောသည်။

၎င်းအဖွဲ့အနေဖြင့် ငွေကြေးချို့တဲ့သူ အသည်းဝေဒနာရှင်များ အနက် ၇ ဦးအား ၂ဝ၁၂ ခုနှစ် အတွင်း ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး ရန်ပုံငွေအခက်အခဲအရ အခမဲ့ဆေးဝါးကုသပေးမှု အားရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ ပြင်ပအလှူရှင်များ၏ ပံ့ပိုးလှူဒါန်းငွေဖြင့် လူနာအသစ်များအား လက် ခံကုသပေးသွားမည် ဖြစ် ကြောင်းသိရသည်။
”အဓိကကတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဘီပိုး၊ စီပိုးဖြစ်ရင် ဆေးကုသစရိတ် မတတ်နိုင်လို့ အသည်းခြောက်တာတို့၊ အသည်းကင်ဆာတို့ဖြစ်ပြီး သေကြရ တယ်။ အဲဒီလိုမျိုး မဖြစ်ရအောင် ငွေကြေး မတတ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က အသည်း လုပ်ဆောင်ချက်တွေ အခမဲ့စစ်ပေးတာတို့၊ Ultra Sound ရိုက်ပေးတာတို့၊ ရောဂါပိုး ရှိ မရှိ စစ်ပေးတာ တို့ကို အခမဲ့လုပ်ပေးနေတယ်။ ဆေးဖိုး မတတ်နိုင်တဲ့ သူတွေကို လည်း လုံးဝပျောက်ကင်းတဲ့အထိ အခမဲ့ကုပေးတယ်”ဟု ၄င်းက ဆိုသည်။

ထိုသို့ အခမဲ့ကုသပေးခြင်းကို မန္တလေးမြို့၌ လစဉ် ၂ဝ ရက် နေ့မှ ၂၄ ရက်နေ့အထိ တစ်လ လျှင် လေး ရက်တိုင် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပြီး လူနာများ ဆေးဝါးကုသ ရန်အတွက် လိုအပ်သော ရန်ပုံငွေအား H+100 အဖွဲ့ဝင်များမှ တစ်လလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှူဒါန်းလျက်ရှိကြောင်း၊ ငွေကြေးချို့တဲ့၍ အသည်းရောဂါ ခံစားနေ ရသူများ အနေဖြင့် လူရွှင်တော် စာရေးဆရာ ဦးချစ်စရာ ဖုန်း -ဝ၉-၄၃၁၄၁၆၇၃၊ ဦးစောနေဝင်း (ရူပဗေဒ) ဖုန်း-ဝ၉-၂ဝ၂၅၄၄၅ တို့သို့ ဆက်သွယ်စုံစမ်း၍ အကူအညီတောင်းခံနိုင်ကြောင်း ထပ်မံသိရသည်။

PN-020
Popular Myanmar News Journal

No comments:

Post a Comment