Thursday 24 January 2013

မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ

Photo: မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ
Thursday, January 24, 2013

အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိ သည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိသာသာ
လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေးကုသ
ပေးသော ဆေး ခန်းများ များပြားလာပြီး မြို့နယ် အချို့တွင် ထိုကဲ့သို့သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေးခန်းများတွင် လူနာအရေအတွက် သိသိသာသာ
နည်းသွားခြင်းဖြစ်သည်။““အရင်ကဆို တစ်နေ့ကို လူ နာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲ ရှိသေးတယ်”” ဟုအထွေထွေ ရော ဂါကုဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာကောင်းတာပေါ့။
ဆေးကုဖို့ မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်း နည်းလာတာသိသာ တယ်။ အတွေ့အကြုံရှိတဲ့ ဆရာ ၀န်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာသေးတဲ့ ဆရာဝန်လေး
တွေ ဘာ လုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။

ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိက ကုသပေးသော ထိုအခမဲ့ဆေးခန်း များတွင် ဖွင့်လှစ်သည့် ရက်များ တွင် လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်း အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်၏ ကျန်းမာရေးဆိုင်ရာ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့် ရှိသည့်
သာကေတမြို့နယ်အတွင်း မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ယောက်တောင်
မပြည့်ချင်တော့ဘူး။ ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်း
ကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာထုံးစံပဲလေ””ဟု 
အဆိုပါ ဆရာဝန်ကပြောသည်။

7Day News Journal
အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွားရောက်ကုသမှုမှာ သိသိ သာသာ လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြားသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်မှစတင်ကာ အဖွဲ့အစည်းများ၏ အခမဲ့ဆေး ကု သပေးသော ဆေးခန်းများများပြားလာပြီး မြို့နယ်အချို့တွင် ထိုကဲ့သို့ သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် ဆေး ခန်းများတွင် လူနာအရေအတွက် သိသိသာသာနည်းသွားခြင်းဖြစ်သည်။““အရင်ကဆို တစ်နေ့ကို လူနာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲရှိသေးတယ်”” ဟုအထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာကောင်းတာပေါ့။
ဆေးကုဖို့မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်းနည်းလာတာသိသာတယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာသေးတဲ့ ဆရာဝန်လေးတွေဘာလုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။

ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိကကုသပေးသော ထိုအခမဲ့ဆေးခန်းများတွင် ဖွင့် လှစ်သည့် ရက်များတွင် လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်း မာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့်ရှိသည့် သာကေတမြို့ နယ်အတွင်း မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ယောက်တောင်မပြည့်ချင်တော့ဘူး။ ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်း ကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာထုံးစံပဲလေ””ဟု အဆိုပါ ဆရာဝန်ကပြောသည်။

7Day News Journal

No comments:

Post a Comment