
၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက်အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက် ဆိုင်ရာအဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာနယ်စပ်တလျှောက်မှာတည်ငြိမ်မှုရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။
ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်း ရှာဖွေနိုင်မည်ဟု မျှော်လင့်ပြီး ဆွေးနွေးပွဲများပြုလုပ်ခြင်းမှာ မှန်ကန်သောဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။
မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်း သွားရောက် ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဒေသ တလျှောက် တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟောင်ကဆိုသည်။
From : The Myanma Age
No comments:
Post a Comment