Thursday 24 January 2013

တစ်နိုင်ငံလုံးတွင် ခွေးရူးပြန်ရောဂါပိုးကြောင့် သေဆုံးမှု မန္တလေးတိုင်း ဒေသကြီးမှ အများဆုံးဖြစ်

ခွေးရူးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါပိုးကြောင့် သေဆုံးမှုအများ ဖြစ်ပွားမှုသည် မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်ကပြော ကြားခဲ့သည်။

"ခွေးကိုက်ခံရလို့ ခွေးရူးပြန်ရောဂါပိုးကြောင့် သေဆုံးမှုဟာ ၂၀၁၀ ခုနှစ်မှာဆိုရင် ၂၀၅ ယောက် ရှိခဲ့ပါ တယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ ၂၄၀ ဦး ရှိခဲ့ပါတယ်။ ဒါတွေက စာရင်းကောက်ယူရရှိခဲ့တာ ဖြစ်ပါ တယ်။ စာရင်းမ၀င်ခဲ့ပဲ ခွေးရူးရောဂါကြောင့် သေဆုံးမှုတွေလည်း ရှိနိုင်ပါသေးတယ်။ ခွေး ရူးရော ဂါကြောင့် သေဆုံးမှုတွေမှာ မန္တလေးတိုင်းဒေသကြီးက ၅၀ ဦး ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ ခွေး ကိုက်ခံရမှုကြောင့် သေဆုံးမှုတွေလျော့ကျသွားဖို့ကတော့ ခွေးကောင်းကိုက်ကိုက်၊ ခွေးရူးကိုက်ကိုက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဒါမှခွေးရူးပြန်ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မှာပါ" ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင် က ပြောကြားခဲ့သည်။

ကျွန်တော်တို့နိုင်ငံမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ၁၆၀၀၀ လောက် ထုတ်နိုင်ပါတယ်။ ဒီအရေ အတွက်က လုံလောက်တယ်လို့ ပြောနိုင်ပေမယ့် ကာကွယ်ဆေး လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ လိုပါတယ်။ ခွေးကိုက်ခံရတယ်ဆိုရင် ကာကွယ်ဆေး ထိုးကိုထိုးရပါမယ် . . .

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုများတွင် ကချင်ပြည်နယ်တွင် သုံးဦး၊ ကယားပြည်နယ်တွင် တစ်ဦး၊ ကရင်ပြည်နယ်တွင် နှစ်ဦး၊ ချင်းပြည်နယ်တွင်မူ သေဆုံးမှုမရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၂၅ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၀ ဦး၊ မွန်ပြည်နယ်တွင် ရှစ်ဦး၊ ရခိုင်ပြည်နယ်တွင် သုံးဦး၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၂၀ ဦး၊ ရှမ်းပြည်နယ်တွင် ခြောက်ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၈ ဦး သေဆုံးကြောင်း သိရ သည်။

"ခွေးရူးပြန်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ၅၅၀၀၀ ဦးလောက် သေဆုံးနေပါတယ်။ ၉၅ ရာခိုင်နှုန်း က အာရှနဲ့ အာဖရိကတိုက်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ၁၆၀၀၀ လောက်ထုတ်နိုင်ပါတယ်။ ဒီအရေ အတွက်က လုံလောက်တယ်လို့ ပြောနိုင်ပေမယ့် ကာကွယ်ဆေးလုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ လိုပါ တယ်။ ခွေးကိုက်ခံရတယ်ဆိုရင် ကာကွယ်ဆေး ထိုးကိုထိုးရပါမယ်။ ဒါမှသာ အသက်အန္တရာယ် ထိခိုက်မှု ကို ကာကွယ်နိုင်မှာပါ။ ဆေးအာနိသင် ပိုကောင်းတဲ့ဆေးတွေ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
General Knowledge
 

No comments:

Post a Comment