Thursday 11 October 2012

လေဒီဂါဂါနှင့် ဂျူလီယာန် အက်ဆန်းတို့ တွေ့ဆုံ

Thursday, 11 October 2012
Photo: လေဒီဂါဂါနှင့် ဂျူလီယာန် အက်ဆန်းတို့ တွေ့ဆုံ
Thursday, 11 October 2012

လေဒီဂါဂါသည် Wikileaks ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်းကို လန်ဒန်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အစိုးရ၏ သံတမန်ရေးရာ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့ခြင်း
ကြောင့် ကမ္ဘာသိ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသော အက်ဆန်းသည် လန်ဒန်တွင်ရှိနေပြီး အီကွေဒေါသံရုံးတွင် ဂါဂါနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်သို့ ရောက်ရှိနေသော နာမည်ကျော် Popဂီတ အဆိုတော်သည် အက်ဆန်းနှင့်လည်း အတူတကွ ညစာ စားခဲ့ကြောင်း သိရသည်။ လတ်တလောတွင် အက်ဆန်းသည် အီကွေဒေါ သံရုံးတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ ဖြစ်သည်။ ဂါဂါသည် သံရုံးသို့ ရောက်လာပြီး
နောက် ညပိုင်းတွင် အက်ဆန်းနှင့် စကားပြောခဲ့ခြင်း ဖြစ်သည်။ သူမသည် Fameရေမွှေးကို Promotion ပြုလုပ်ရန် လန်ဒန် ရောက်နေခြင်း ဖြစ်ပြီး သံရုံးတွင် နာရီ အနည်းငယ်မျှ နေထိုင်ခဲ့ကြောင်းလည်း သိရသည်။

ဂါဂါသည် အက်ဆန်းထံ တကူးတက သွားရောက် လည်ပတ်ခြင်းဖြင့် အမျိုးမျိုးသော ဝေဖန်မှု၊ ထောက်ခံမှုများနှင့် ကြုံတွေ့နေရသည့် အတွေးအမြင်သစ် သမားအား လက်ခံကြိုဆိုကြောင်း ပြသခဲ့သည်။ ဂါဂါသည် မကြာသေးမီက Pussy Riot၊ ရေချယ်လ်ကော်ရီ၊ ဂျွန်ပါကင်းစ်၊ ခရစ္စတိုဖာ ဟစ်ချတ်စ်တို့နှင့် အတူ LennonOnoဆုကို ငြိမ်းချမ်းရေး ကဏ္ဍအတွက် ရရှိထားခဲ့သည်။ 

planet
လေဒီဂါဂါသည် Wikileaks ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်းကို လန်ဒန်တွင် သွားရောက် တွေ့ ဆုံခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အစိုးရ၏ သံတမန်ရေးရာ လျှို့ဝှက်ချက်များကို ဖွင်
့ချခဲ့ခြင်း ကြောင့် ကမ္ဘာသိ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသော အက်ဆန်းသည် လန်ဒန်တွင်ရှိနေပြီး အီကွေဒေါသံရုံးတွင် ဂါဂါနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်သို့ ရောက်ရှိနေသော နာမည်ကျော် Popဂီတ အဆိုတော်သည် အက်ဆန်းနှင့်လည်း အတူတကွ ညစာ စားခဲ့ကြောင်း သိရသည်။ လတ်တလောတွင် အက်ဆန်းသည် အီကွေဒေါ သံရုံးတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ ဖြစ်သည်။ ဂါဂါသည် သံရုံးသို့ ရောက်လာပြီး
နောက် ညပိုင်းတွင် အက်ဆန်းနှင့် စကားပြောခဲ့ခြင်း ဖြစ်သည်။ သူမသည် Fameရေမွှေးကို Promotion ပြုလုပ်ရန် လန်ဒန် ရောက်နေခြင်း ဖြစ်ပြီး သံရုံးတွင် နာရီ အနည်းငယ်မျှ နေထိုင်ခဲ့ကြောင်းလည်း သိရသည်။

ဂါဂါသည် အက်ဆန်းထံ တကူးတက သွားရောက် လည်ပတ်ခြင်းဖြင့် အမျိုးမျိုးသော ဝေဖန်မှု၊ ထောက်ခံမှုများနှင့် ကြုံတွေ့နေရသည့် အတွေးအမြင်သစ် သမားအား လက်ခံကြိုဆိုကြောင်း ပြသခဲ့သည်။ ဂါဂါသည် မကြာသေးမီက Pussy Riot၊ ရေချယ်လ်ကော်ရီ၊ ဂျွန်ပါကင်းစ်၊ ခရစ္စတိုဖာ ဟစ်ချတ်စ်တို့နှင့် အတူ LennonOnoဆုကို ငြိမ်းချမ်းရေး ကဏ္ဍအတွက် ရရှိထားခဲ့သည်။

planet

No comments:

Post a Comment