Thursday 11 October 2012

ခေါင်းရွက်ဗျက်ထိုး ဈေးသည်တစ်ဦးလျှင် ကျပ်၎သောင်းခွဲနှုန်း ထုတ်ချေးမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အကူ ဖြစ်စေရန် အတွက် ရန်ကုန်မြို့တော် ရှိ ခေါင်းရွက်ဗျက် ထိုး ဈေးသည်များကို တစ်ဦးလျှင် ကျပ် ၄သောင်းခွဲ နှုန်းဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဗဟို သမဝါယမ အသင်း လီမိတက်၏ အကြီးတန်း မန်နေဂျာ ဦးသိန်းဇော်ထွန်းက အောက်တိုဘာလ ၁၀ ရက်နေ့က ပြောကြားသည်။
ငွေထုတ် ချေးရာတွင် ငွေချေးငှားသူက တစ်နေ့လျှင် ငွေကျပ် ၉ဝဝ ကျပ်ဖြင့် သက်ဆိုင်ရာ မြို.နယ်တွင် ရက်ပေါင်း ၆ဝ ငွေသွင်းရကြောင်း နှင့် လူ ၁၀ ဦးထဲမှ လူတစ်ဦးက ငွေချေးငှားပြီး ပြန်မဆပ်ပါက ကျန်လူ ၉ ဦးက တာဝန်ယူ စိုက်ပေးရသည့် ဝိုင်းကြီးချုပ် စနစ်ဖြစ်ကြောင်း ၄င်းက ချေးငှားမှု ပုံစံကို ရှင်းပြသည်။

"တစ်နေ့ ၉၀၀ ကို နေ့တိုင်း ပေးတော့ ဝန်ပေါ့ ပါတယ်။ ၁၀ ရက်နေ့မှ ပေါင်းပေးမယ်ဆို ပေးဖို့ ပိုခက်တယ် ။ ရက်ကွက်ထဲ ခုမှ ပြောင်းလာတဲ့ လူတွေဆို မိမိအဖွဲ့ထဲ မထည့်နဲ့ပေါ့" ဟု ၄င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ တရားဝင် စာရင်းများ အရ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိပြီး၊ ကျေးလက်နေ ၇ဝ ရာခိုင်နှုန်း (လူသန်း ၄ဝ ကျော်)သည် ချမ်းသာသည့် လူစာရင်းတွင် မပါဝင်သေးကြောင်း ဗဟို သမဝါယမ အသင်း လီမိတက်၏ ဥက္ကဋ္ဌ ဦးခင်မောင်အေးက သုံးသပ် ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနတွင် သမဝါယမ ဦးစီးဌာန၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း၊ သမဝါယမ ပို့ကုန်သွင်း ကုန် လုပ်ငန်း နှင့် ဗဟိုသမဝါယမ အသင်း လီမိတက် တို့ဖြင့် ဖွဲ့စည်းထားသည်။
 
ref:7daynews

No comments:

Post a Comment