Friday 28 September 2012

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

Friday, 28 September 2012

အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေ တန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ် လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်တို့ နယူးယောက်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေ သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၆ ရက်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၇ နံနက် ၁ နာရီ ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့ နှင့် နယူးယောက်မြို့ရှိ တည်းခိုရာ ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နယူးယောက်ရှိ တည်းခိုရာ The Mark ဟိုတယ်၌ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် သီးခြားတွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံမှုအပြီးတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတသည် ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား အစရှိသည့် ပုဂ္ဂိုလ်များနှင့်လည်း ဆက် လက်တွေ့ဆုံမည် ဖြစ်ပါသည်။ (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အတွက် နယူးယောက်သို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်၌ ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုမှာ အချိန် ၁၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတသည် စက်တင် ဘာလ၂၇ရက်နေ့တွင်(၆၇)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြော ကြားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် Asian Society ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး အမေး၊ အဖြေအစီအစဉ်ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် နယူးယောက်မြို့ ရှိ မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထား ကြောင်းလက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၂၆ ရက် နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆို ပါဆွေးနွေးပွဲ၌ တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၊ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt ၊ ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလော့တို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လည်း ဆွေးနွေး မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာသတင်း 

No comments:

Post a Comment