Friday 28 September 2012

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအမေရိကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်

နိုင်ငံတော်သမ္မတနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး    ဦးစိုးသိန်းသည် အမေရိကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက်တွင် ကွင်းစ်ကောလိပ်ရှိ Rosenthal စာကြည့်တိုက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးထံမှ သိရသည်။


ဝန်ကြီးဦးဆောင်သော ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့ သည် မြန် မာနိုင်ငံ၏နိုင်ငံရေး၊လူမှု့ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကြိုး ပမ်းဆောင်ရွက်မှုများ ၊ ရခိုင်ပြည်နယ်အရေးနှင့် တိုင်းရင်းသားအရေး တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပြီး ပါဝင်ဆွေးနွေးလိုသူ မြန်မာမိသားစုဝင်များကိုလည်း ဖိတ်ခေါ်ထားသည်။

ref:7daynews

No comments:

Post a Comment