Friday 28 September 2012

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

Friday, 28 September 2012 
 မြောက်ဥက္ကလာပမြို့နယ် ၂ ရက်ကွက် သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက် ထိလျက် အမျိုးသားတစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံး သွားကြောင်း မျက်မြင် တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ သေဆုံးသူ၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ဝဲယာလက်မ လက်ချောင်းများ ကွေးနေပြီး ၎င်းဝတ် ဆင်ထားသော ပုဆိုးအား လည်ပင်းတွင် ချည်နှောင်၍ တံတား သံဘောင်ကို ချိတ်ကာ သေဆုံးနေသည်ကို ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပတ်ဝန်း ကျင်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းအနီး၌ နေထိုင်သူများက ဆိုသည်။

"ညဦးပိုင်းထဲက တံတားနားမှာ ခုန်ချဖို့ လုပ်နေတာ ကလေးတွေက တစ်ဝုန်းဝုန်း ဆော့နေလို့ ပြန်ထွက် သွားတာ" ဟု ထိုတံတား အနီးတွင် နေထိုင်သူ အမျိုးသမီးက ဆိုသည်။ အဆို ပါ သေဆုံးမှုကို မြောက်ဥက္ကလာပ ဆေးရုံ၌ PR အမှတ် ၁၇ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက် ဥက္ကလာပ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
 
News from-The Voice Weekly
 

No comments:

Post a Comment