Friday 28 September 2012

မြန်မာနိုင်ငံအပေါ် အမြင်ပြောင်းလဲကြဖို့ နိုင်ငံတကာကို သမ္မတ ဦးသိန်းစိန်တိုက်တွန်း

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အမြင်တွေပြုပြ င်ပြောင်းလဲဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့သလို၊ တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကိုလည်း ကျင်းပပေးခဲ့ပါတယ်၊ ဒါ့အပြင် စာနယ်ဇင်းတွေကို ဆင်ဆာဖြတ် တောက်တာကိုလည်း ဖျက်သိမ်းပေး ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ သည်းခံစိတ် နဲ့ ဆွေးနွေးဖြေရှင်း တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်း လာနေပြီဖြစ်ကြောင်း အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန် ကပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး တိုးတက်မှုတွေကြောင့်၊ နိုင်ငံရေးအရ တရားဝင်မှုတွေ တိုးလာနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံနိုင်ငံရေးတည်ငြိမ်မှု တွေကို အထောက်အကူ ဖြစ်သလို၊   ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန် လာဖို့အတွက် စီးပွားရေး နဲ့လူမှုရေးဆိုင်ရာ   ပြောင်းလဲမှုတွေအတွက်လည်း လမ်းပွင့် လာခဲ့ကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။ 
 
ref:RFA

No comments:

Post a Comment