Friday 28 September 2012

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးလိုက်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာ့ဒီမိုရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးစလုံးကြောင့်ဖြစ်

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေး လိုက်တာဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ မြန်မာ့ဒီမိုရေစီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးစလုံးကြောင့်ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုလိုက် ပါတယ်။
သမ္မတ အိုဘားမားအစိုးရ အနေနဲ့ မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ဆို့ အရေးယူထားတာကို လျော့ပေါ့ေ ပးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟီလာရီ ကလင်တန်ကမနေ့က ကြေငြာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးဖို့ တောင်းဆိုနေ သလို၊ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လည်း ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးဖို့ သူရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆို ခဲ့ကြောင်း သမ္မတရုံး ညွန်ကြားရေးမှုး ဗိုလ်မှူး ဇော်ဌေးက အေပီ သတင်းဌာနကို   ပြောဆိုခဲ့ပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးလိုက်တာဟာ သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ်ရဲ့   အောင်မြင်မှုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို ရုပ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် ယုံကြည်မှု ပိုမိုရရှိစေသလို၊ မြန်မာပြည်သူတွေအတွက်လည်း အကျိုးရှိမှာဖြစ်တယ် ပြောဆိုပါတယ်။

၂၀၀၃ ခုနှစ်က အမေရိကန်အစိုးရက သွင်းကုန်ပိတ်ဆို့ရေး မူဝါဒချမှတ်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံက ထည်ချုပ်လုပ်ငန်းတွေကျဆင်းခဲ့ရပါတယ်။

အခုလို မြန်မာနိုင်ငံက သွင်းကုန်တွေကိုပြန်လည် တင်သွင်းခွင့်ပြုဖို့ လျှော့ပေါ့ပေးလိုက်တဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေအတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အထည်ချုပ် လုပ်ငန်း အသင်း ဒုဥက္ကဋ္ဌ ဦးအောင်ဝင်းကလည်း ပြောဆိုပါတယ်။
ref:RFA

No comments:

Post a Comment