Friday 28 September 2012

ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွား

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများနှင့် အတူ သေဆုံးမှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့များမှ ထိန်းသိမ်းလျက်ရှိနေပါသည်။
ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲရွာအနီးတွင် ရှိနေသော ရှားခဲအင်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခများမှာ မကြာခဏဖြစ်ပွားလေ့ ရှိကာ ပြီးခဲ့သည့် မေလအတွင်းကလည်း ရှားခဲအင်းလေလံကိစ္စနှင့် ပတ်သက်ပြီး ရှားခဲကျေးရွာ၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
 
ref:EMG

No comments:

Post a Comment