Saturday 15 December 2012
"မြန်မာနိုင်ငံတွင် အစားထိုးဆေးရုံကြီး ပေါ်လာပြီ"
အစားထိုးကုသခြင်းအတွက် အသဲ  ၊ကျောက်ကပ်၊နှလုံး ၊ ခြေလက်များ ကိုအစားထိုးကုသသည့် နည်းပညာများမှာ နိုင်ငံတကာ၌ ခေတ် စားနေေ သ်ာလည်းမြန်မာနိုင်ငံတွင်မူ အစားထိုးဆေးးရုံကြီး ပေါ်ပေါက်လာရာ ၄င်းအစားထိုးဆေးရုံကြီးမှာ အခြားနိုင်ငံများနှင့် မတူကြောင်း ကြားသိရသည်။
 အရေပြားအစားထိုးခြင်း ၊ မျက်နာပြောင်းလဲသွားရန် အစားထိုးခြင်း နှင့် ဥဏှောက်အစားထိုးခြင်း တို့ ကို ပြုပြင်နိုင်သည်ဟု အမည်ဖေါ်ပြသော သတင်းဋ္ဌါနများကို ကိုးကားပြီး ယနေ့ ထုတ်သတင်းစာများနှင့် သမ္မတ၀က်ဘ်ဆိုက်များမှာပင် ထည့်သွင်းဖေါ်ပြရလောက်အောင်အထိ နာမည်ကြီး သတင်းတခုဖြစ်နေသည် ။
 ဟော်လီဝုဒ်၌ ရုပ်ရှင်ရိုက်သည့်အခါ လူ့ မျက်နာကို အခြားလူမျက်နာကဲ့ သို့  ပြောင်းလဲထားပြီး ရိုက်ကူးသော ဇါတ်လမ်းများရှိနေသကဲ့ သို့  မြန်မာနိုင်ငံတွင်လည်း မျက်နာပြောင်း လဲနေသောဇါတ်လမ်းမျိုးဖြင့် ဇါတ်လမ်းများကိုလည်း ရိုက် ကူးနေကြပြီဖြစ်သည် ။
ယခုအစားထိုးဆေးရုံကြီးမှာ ၄င်းကဲ့ သို့  စိတ်ကူးယဉ် ဇါတ်လမ်းမျိုး မဟုတ်ဘဲ လက်တွေ့ ဆန်သော မျက်နာပြောင်းလဲခြင်းမျိုးဖြစ်သည်ဟုအရေးပေါ်ခွဲစိတ်ဆရာဝန်ကြီးမှ တရားဝင်ထုတ်ဖေါ်ပြောဆိုပါသည် ။
 အရေပြားခွဲစိတ်ရာ၌ မလိုလားအပ်သော ရောဂါပိုးမွှား ကူးစက်ခြင်းနှင့် ကင်ဆာရောဂါမကူးစက်စေရန် နိုင်ငံခြားမှ ဆေးဝါးများကို မှာယူထားရာ အများဆုံးကြိုတင်မှာယူထားသော ဆေးဝါးနှင့် အထောက်အကူပြု
ဆေးရုံသုံးပစ္စည်းများမှာ တရုပ်နိုင်ငံမှဟု သတင်းကြေညာချက်မှာ ဖေါ်ပြထားသည်။
  လတ်တလောတွင် ၄င်းအရေပြားခွဲစိတ်ကုသမှုများကို မျက်နာကြီး ငွေကြေးရှိသူများနှင့် စစ်ဖက်ဆိုင်ရာ လူအများ စိတ်ဝင်စားသူများက ခွဲစိတ်ကုသခံယူကြမည်ဟု သိရှိရသည် ။
  အရေပြားအစားထိုး ခွဲစိတ်ခံယူခြင်းကို အောင်မြင်မှု ရှိမရှိ သိရှိရအောင် စမ်းသတ်မှုတခုကိုလည်း မနက်ဖန်စမ်းသတ်ပြီး အမှန်တကယ်အောင်မြင်မှုရှိပါက ကမ္ဘာသို့  ၄င်းတို့ ၏ စမ်းသတ်တီထွင် မှုမှာ အောင်မြင်ကြောင်း ထုတ်ဖေါ်ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသည် ။
၎င်းစိတ်ဝင်စားဘွယ်ရာ အစားထိုးဆေးရုံမှာ နေပြည်တော်၌ ရှိနေပြီး မနက်ဖန်စမ်းသတ်ခြင်းကို မန္တလေးမြို့ တွင် ရဟန်းသင်္ဃာများနှင့် လက်တွေ့ စမ်းသတ်ကြမည်ဟု သိရှိရသည် ။ 
အရေပြားစမ်းပ်သည်ဆိုခြင်းမှာ စမ်းသပ်သူနဂိုရ်မူလပိုင်ရှင်၏ မျက်နာပျောက်နေပြီး လူအများမြင်လျှင် လူများကဖြစ်စေချင်သော မျက်နာသွင်ပြင်မျိုး ဖြစ်နေပါက ၄င်းစမ်းသပ်မှုမှာအောင်မြင်ပြီဟု ပြော၍ ရပါကြောင်း နေပြည်တော်အစားထိုးဆေးရုံကြီးမှ လာသောသတင်းအရ သိရှိရနေကြပါသည် ။
   အထူးသဖြင့် မျက်နာအစားထိုးပညာမှာ အောင်မြင်မှုများရရှိခဲ့ ပါကငွေကြေးချမ်းသာသူများမှာ မိမိတို့ ၏ မျက်နာကို သူခိုးငတက်ပြားမျက်နာမျိုးလို ခွဲစိတ်နိုင်သလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မီးလောင်ဗုံးဖေါက်ခွဲသူ၏ မျက်နာမျိုးအားလည်း ခွဲစိတ်ပြုပြင်ကြမည်ဟု  ကြားသိနေရပါသည် ။
 ထို့ ကြောင့် ယင်းသို့ ခွဲစိတ်ပြီးမြောက်သွားသူများက လူအများကို မိမိကိုယ့်ကို နှိမ့်ချပြီးခိုးယူခဲ့ သော ငွေကြေးများ ၊ စိန် ၊ရွှေ ၊ ငွေများ ၊ ဘဏ်စာရင်းများကို အလွဲသုံးစား လုပ်မှုများက တောင်းပန်လိုက်ရုံနှင့် ချက်ချင်းစာနာစိတ်များ ၀င်သွားပြီး ခွင့်လွှတ်စိတ် များ ဖြစ်ပေါ်သွားသည်ဟုလည်းသတင်းများ ရရှိပါတော့သည် ။
  ထို့ ကြောင့် လူသတ်သမားများ ၊အကြမ်းဖက်သမားများမှာ ၄င်းအစားထိုးခွဲစိတ်ကုသမှု အထူးအောင်မြင်သွားပါကမြန်မာနိုင်ငံပြည်သူ့ ရဲတွင် အမှုအခင်းများ ပပျောက်ပြီး တရားရုံးများ လည်းတရားခံနည်းပါး မည်ဖြစ်ပါသည် ။
 လူမစည်ကားအပ်သောအရာဆိုသည်မှာတရားရုံးမဟုတ်တော့ကြောင်း ပြောဆိုနိုင်သည်အထိ  ကြုံလာပြီဖြစ်သည်ဟုလည်းပြော၍ ရလာပြီဖြစ်သည်ဟု ပြောဆိုဝေဖန်နေကြပါသည်  ။
From : shwemyanmar
No comments:
Post a Comment