Saturday 15 December 2012

မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း

Photo: မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း
Saturday, 15 December 2012

ဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို
ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။ 

“ဟုတ်တယ်။ လိုင်းကတ်တွေ ပြန်အပ် ခိုင်းထားတယ်။ နောက်ထပ်
ထွက်မယ့် တန်ဖိုးနည်းဖုန်းတွေက ဇန်နဝါရီလလောက် ဖြစ်မယ် 
ထင်တယ်။ အဲဒီထက် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ၄င်းကပြောကြားသည်။ 

ပုသိမ်ရှိ Elite ဖုန်းဆိုင်များတွင် ယနေ့စတင်၍ လိုင်းကတ်များ မရောင်းတော့ကြောင်း၊ MPT သို့ လိုင်းကတ်များ အပ်နှံရန်အတွက် 
ရုံးချုပ်မှ အကြောင်းကြားထားကြောင်း၊ အရေအတွက် မည်မျှရှိသည်ကိုမူ
ပြောခွင့်မရှိကြောင်း ပုသိမ်မြို့ရှိ Elite ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့က ဒီကတ်တွေကို တာဝန်ယူ ဖြန့်တာဆိုတော့ ကျွန်တော်တို့ Elite ဆိုင်တွေကနေပဲ သိမ်းတာပါ။ MPT ကို ဒီနေ့စအပ်ရတယ်။ ဘယ်နေ့ နောက်ဆုံးလို့တော့ သတ်မှတ်ထားတာမျိုး မရှိဘူး။
မြန်မြန်လေးတော့ အပ်ခိုင်းတယ်” ဟု Elite Tech ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

သို့သော် အခြားဆိုင်များတွင် ရှိနေသော လိုင်းကတ်များကိုမူ တာဝန်ယူ
သိမ်းဆည်းမည် မဟုတ်ဘဲ Elite ဖုန်းဆိုင်များတွင် ကျန်ရှိနေသော လိုင်းကတ်များကိုသာ ပြန်လည် သိမ်းခြင်းဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဧပြီလတွင် တရားဝင် စတင်ရောင်းချခဲ့သည်။

ပြည်တွင်း ဖုန်းဈေး ကွက်တွင်မူ ကျပ်တစ်သိန်း သုံးသောင်းတန် လိုင်းကတ်များ ရောင်းချတော့ မည်ဖြစ်၍ ပြန်သိမ်းခြင်းဖြစ်ကြောင်း၊
ဇန်နဝါရီ လဆန်းပိုင်းတွင် ရောင်းချပေးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

အာဆီယံဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်း SIM ကတ်များကို ထိုင်းနိုင်ငံတွင် ၃.၅၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်တွင် ၁.၅၀ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၁ ဒေါ်လာ၊ စင်ကာပူတွင် ၁၉.၆၄ ဒေါ်လာ၊ ဗီယက်နမ်တွင် ၂.၃၉ ဒေါ်လာ၊ မလေးရှားတွင် ၁.၄၇ ဒေါ်လာနှုန်း တို့ဖြင့် ရောင်းချကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge
ဓာတ်ပုံ - Myanmar Timesဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်း ငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို ဈေးကွက် အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။

“ဟုတ်တယ်။ လိုင်းကတ်တွေ ပြန်အပ် ခိုင်းထားတယ်။ နောက်ထပ်ထွက်မယ့် တန်ဖိုးနည်းဖုန်းတွေက ဇန်နဝါရီလလောက် ဖြစ်မယ်ထင်တယ်။ အဲဒီထက် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ၄င်းကပြောကြားသည်။

ပုသိမ်ရှိ Elite ဖုန်းဆိုင်များတွင် ယနေ့စတင်၍ လိုင်းကတ်များ မရောင်းတော့ကြောင်း၊ MPT သို့ လိုင်းကတ်များ အပ်နှံရန်အတွက် ရုံးချုပ်မှ အကြောင်းကြားထားကြောင်း၊ အရေအတွက် မည်မျှရှိသည်ကိုမူ
ပြောခွင့်မရှိကြောင်း ပုသိမ်မြို့ရှိ Elite ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့က ဒီကတ်တွေကို တာဝန်ယူ ဖြန့်တာဆိုတော့ ကျွန်တော်တို့ Elite ဆိုင်တွေကနေပဲ သိမ်းတာပါ။ MPT ကို ဒီနေ့စအပ်ရတယ်။ ဘယ်နေ့ နောက်ဆုံးလို့တော့ သတ်မှတ်ထားတာမျိုး မရှိဘူး။

မြန်မြန်လေးတော့ အပ်ခိုင်းတယ်” ဟု Elite Tech ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် အခြားဆိုင်များတွင် ရှိနေသော လိုင်းကတ်များကိုမူ တာဝန်ယူ သိမ်းဆည်းမည် မဟုတ်ဘဲ Elite ဖုန်းဆိုင်များတွင် ကျန်ရှိနေသော လိုင်းကတ်များကိုသာ ပြန်လည် သိမ်းခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဧပြီလတွင် တရားဝင် စတင်ရောင်းချခဲ့ သည်။

ပြည်တွင်း ဖုန်းဈေး ကွက်တွင်မူ ကျပ်တစ်သိန်း သုံးသောင်းတန် လိုင်းကတ်များ ရောင်းချတော့ မည်ဖြစ်၍ ပြန်သိမ်းခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ လဆန်းပိုင်းတွင် ရောင်းချပေးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အာဆီယံဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်း SIM ကတ်များကို ထိုင်းနိုင်ငံတွင် ၃.၅၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်တွင် ၁.၅၀ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၁ ဒေါ်လာ၊ စင်ကာပူတွင် ၁၉.၆၄ ဒေါ်လာ၊ ဗီယက်နမ်တွင် ၂.၃၉ ဒေါ်လာ၊ မလေးရှားတွင် ၁.၄၇ ဒေါ်လာနှုန်း တို့ဖြင့် ရောင်းချကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : Khit Lu Nge

No comments:

Post a Comment