မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန်
လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင်ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည်
၁၂ နာရီ အချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီ စစ်ကန်ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းရွှေမြန်မာ မီဒီဂရုမှ သတင်းရရှိသည်။
အဆိုပါမီးလောင်းမူသည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများအုန်းဆီစစ်ကန်ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မွန်လွှဲ ၂ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် အုန်းဆီပီပါ ၄၀ လုံး 10HP မော်တာ ၂ လုံး၊ ၃၀ ပေx ၈၀ ပေ သွပ်မိုး၊ ၀ါးကပ်ကာ၊ ကွန်ကရိခင်း အဆောက်အဦတစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း (၄၀)ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထိုနေ့မနက်ပိုင်းတွင်လည်း အဆိုပါ ရပ်ကွက် ၅ လမ်းတွင် ၀ါယာရှော့ကြောင့် နေအိမ်တစ်ခြမ်း မီးလောင်ခဲ့ရကြောင်းသိရသည်။
ရပ်ကွက်နေလူထု၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးသတ်ကားမလာမီ မီးငြိမ်း သတ်နိုင် ခဲ့ကြောင်း ရွှေမြန်မာမီဒီယာသတင်းထောက်မင်းနန္ဒာကျော်မှာသတင်းပို့ ပေးပါသည်။
ရွှေမြန်မာမီဒီယာဂရု

No comments:
Post a Comment