Saturday 15 December 2012

လက်ပံတောင်းတောင်ဒဏ်ရာရသံယာတော်များကို့တောင်းပန်

မုံရွာ လက်ပံတောင်းတောင် အရေးအခင်းမှာ ဒဏ်ရာရသွားခဲ့ကြတဲ့ သံဃာတော်တွေကို နိုင်ငံ တော် အစိုးရက မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယာန် (အတုမရှိကျောင်းတော်ကြီး) မှာ စနေနေ့ မွန်းလွဲပိုင်းက တရားဝင်အခမ်းအနားနဲ့  ၀န်ချ   တောင်းပန်လိုက်ပါတယ်။ 
 နိုင်ငံတော် အစိုးရကိုယ်စား သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းခေါင်းဆောင်တဲ့အဖွဲ့ က သံဃာတော်တွေကို တောင်းပန်ခဲ့တာဖြစ်ပြီး သံဃာတော်တွေဘက်ကလည်း ဒီတောင်းပန်မှုကို လက်ခံပြီးကျေအေးလိုက်တယ်လို့ ဦးဆောင် သံဃာ တပါးဖြစ်တဲ့ ဆရာတော် ဦးသောဘိတက မိန့်ပါတယ်။ သံဃာတော်တွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အကြမ်း ဖက်ဖြိုခွင်းရာမှာ တာ ၀န်ရှိတဲ့သူတွေကို အရေးယူအပစ်ပေးဖို့ ကိစ္စကိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံချက်ကို စောင့်ကြည့်ပြီးမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံဃာတော်တွေမိန့် ပါတယ်။
 From : Popular Myanmar News Journal

No comments:

Post a Comment