Saturday 15 December 2012

သရုပ်ဆောင် မေဇွန်၏အမှု မှုခင်းဆရာဝန်ကြီး ထွက်ဆိုရန် လျှောက်လဲ


အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မလေး သေဆုံးမှုနှင့် ပတ်သက်၍
 ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ ကမာရွတ်တရားရုံး၌ အမှုရင်
ဆိုင် နေရသော သရုပ်ဆောင်မေဇွန်၏အမှုတွင် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးကို လာရောက် ထွက်ဆိုပေးရန် တရားလို ဘက်မှ တရားရုံး၌ လျှောက်လဲ ထားကြောင်း အဆိုပါ အမှု၌ လိုက်ပါဆောင် ရွက်နေသည့် ဥပဒေ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ တရားလိုဖြစ်သူ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်အောင်မော်နှင့် တရား လိုပြသက်သေ ၁၀ ဦးကျော်ကို စစ်ဆေးတော့မည် ဖြစ်သောကြောင့် ဆေးစာကို အသေးစိတ်သိရှိစေရန် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကို လာရောက် ထွက်ဆိုပေးရန် လျှောက်လဲ ရခြင်း ဖြစ်ကြောင်း၊ တရားလိုပြ သက်သေတို့၏ ထွက်ဆိုချက်နှင့် မှုခင်း ဆရာဝန်၏ ဆေးစာ အသေးစိတ် ထွက်ဆိုချက် အပေါ်မူတည်ပြီး အမှု တည်ဆောက်ရမည်ဖြစ်ကြောင်း ၄င်းကထပ်မံပြော ကြားသည်။

ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် စင်တင်ဘာ ၁၀ ရက်နေ့ ညက ဖြစ်ပွားခဲ့သော အသက် ၁၈ နှစ်အရွယ် အိမ်အကူမလေး သေဆုံးမှုတွင် အိမ်ရှင်ဖြစ်သူ မေဇွန် (ခ) မျိုးဇာနည်ဇွန်မှာ အတူနေထိုင်သော အိမ်အကူများကို စိတ်အလို မကျပါက တစ်ရက်ခြား တစ်ခါ ညှဉ်းပန်းနှိပ်စက်မှု များရှိပြီး

တစ်ခါ တစ်ရံပါးရိုက်ခြင်း၊ ဆံပင်ဆောင့်ဆွဲ၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ နှစ်တစ်လက်မ တုတ်ဖြင့် ကျော ကုန်းကို ရိုက်နှက်ခြင်း၊ ပက်လက်လှန်ခိုင်း၍ ဗိုက်ပေါ် တက်ခုန်မှုများ အပြင် ကိုယ်တိုင် မရိုက်ချင်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေးတစ်ယောက်တစ်ချောင်း ပေး၍ ၄င်းစိတ်ကျေနပ်သည် အထိ အပြန်အလှန် ရိုက်ခိုင်းခဲ့ သည်ဟု ကာယကံရှင်က ဝန်ခံပြီး ၄င်းမှာ MRTV-4၏ Flower & Butterfly ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ် ရွေးချယ် ခံထားရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။



The Voice Weekly

No comments:

Post a Comment