Saturday 15 December 2012

မွန်အမျိုးသား ကျောင်း၌ အစိုးရ ကျောင်း ဆရာကို လက်မခံ၍ လက်နက်ဖြင့် ခြိမ်းခြောက်

မြန်မာ ကျောင်းဆရာ နှစ်ဦးကို မွန်အမျိုးသား ကျောင်း၌ သင်ကြား ရန် ဆင်စွယ် ကျေးရွာမှ ရွာသား များနှင့် အုပ်ချုပ်ရေး အဖွဲ့များမှ လက် မခံသဖြင့် ပြန်လွှတ်လိုက်သည့် အပေါ်နယ်အုပ်ချုပ် ရေး မှူးနှင့် ပြည်သူ့ စစ် များက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အား ကြိမ်းမောင်း ဆဲဆိုကာ လက်နက်ဖြင့် လာရောက် ခြိမ်းခြောက် သည်ဟု မိမိ တို့ထံ တိုင်ကြား လာကြောင်း မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင် အုပ်ချုပ်ရေး မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။
 
တနင်္သာရီတိုင်း၊ ရေဖြူ မြို့နယ် တွင်းရှိ ထိုကျေး ရွာသို့ မြန်မာ ကျောင်းဆရာ နှစ်ဦးကို ဒီဇင်ဘာလ (၇) ရက် နေ့တွင် နယ်အုပ်ချုပ်ရေးမှ ပေးပို့ ခဲ့ပြီး မွန်အမျိုးသား ကျောင်း ဖြစ်သည့် အတွက် လက်မခံ နိုင်ကြောင်း ရွာသူ ရွာသား များမှ သထောထား ရှိကာ အုပ်ချုပ်ရေး အဖွဲ့မှ ထို ဆရာ နှစ် ဦးအား ပြန်လွှတ်ခဲ့ပါသည်။
“ငါ ---- မ ရွာ၊ ရွာကို မီးရှို့ ပစ်လိုက်၊ အစိုးရ ကျောင်းဆရာကို လက်မခံ ရအောင် ဒီရွာဟာ ဓါးပြ သူပုန် ကျောက်ထောက် နောက်ခံ ရွာလား” ဟု နယ်အုပ်ချုပ် ရေးမှူး ဦးသန်းနိုင်နှင့် မင်းသား ကျေးရွာ အုပ်စု ပြည်သူ့စစ် (၃) ဦးတို့ လက်နက် အပြည့် အစုံဖြင့် ဆင်စွယ် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အား ပြီးခဲ့သည့် ဒီဇင်ဘာလ (၈) ရက်နေ့က လာရောက် ကြိမ်းမောင်း ဆဲဆိုကာ ခြိမ်းခြောက် ခဲ့သည်ဟု ထားဝယ် ခရိုင် ရုံးမှ ပြောသည်။
အဆိုပါ ကျောင်းမှာ မွန်ပြည်သစ် ပါတီ လက်အောက်ခံ မွန်အမျိုးသား ပညာရေး ဌာနမှ တာဝန်ယူ တည်ထောင် ခဲ့သည့် အမျိုးသားကျောင်း ဖြစ်ကာ အနှစ် (၂၀) ခန့်ပင် မွန်ပညာရေး ဌာနနှင့် ရွာသူ ရွာသား များ၏ ပူးပေါင်း ဆောင်ရွက် မှုဖြင့် ဒေသခံ ရွာသူ ရွာသား များ၏ ကလေးများအား ပညာ သင်ကြား ပေးလျက် ရှိသည်။ ဆင်စွယ် ကျေးရွာ ရှိ အမျိုးသား ကျောင်း၌ ကျောင်းသား ဦးရေ (၇၀) ဦး ကျော် တက်ရောက် ပညာ သင်ကြား ကြလျက် ရှိပါသည်။ 
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၉) ရက်နေ့ ၌လည်း အထက်ပါ နည်းတူ ကျခတ် တောရွာသို့ အလားတူ မြန်မာ ကျောင်းဆရာ (၂) ဦးအား မွန်အမျိုးသား ကျောင်းသို့ လာရောက် သင်ကြားရန် ၄င်းနယ်အုပ်ချုပ် ရေးမှူးမှပင် ပေးပို့ ခဲ့ပြန် ပါသည်။ ကျခတ်တောရွာ အမျိုးသား ကျောင်း၌ ကျောင်းသား ဦးရေ (၅၀) ဦးခန့် ရှိပါသည်။
“မွန်စာ သင်ချင်ရင် မွန်ပြည် နယ်မှာ သွားသင်၊ ဒီမှာ လာမသင်နဲ့၊ အစိုးရ ကျောင်းဆရာမကို မပေးသင်ရင် မွန်ဆရာမ တွေကိုလည်း မောင်းထုတ် ပစ်လိုက်”ဟု နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းနိုင်မှ ကြိမ်းမောင်း ပြောဆို ခဲ့သည် ဟုလည်း ဆိုပါသည်။
ထိုဆင်စွယ် ကျေးရွာနှင့် ကျခတ်တော ရွားများတွင် ယခု အထိပင် အစိုးရမှ တာဝန် ယူ ဆောက်လုပ် ပေးထားသည့် အစိုးရ စာသင် ကျောင်းများ မရှိသေးဟု သိရှိရသည်။
မွန်အမျိုးသား အထက်တန်းကျောင်း ဆရာမနှင့် ကျောင်းသူ/သားများ 
မွန်အမျိုးသား အထက်တန်းကျောင်း တစ်ခု၏ ကျောင်းသူ ကျောင်းသား များအား မြင်ရစဉ် (ဓါတ်ပုံ - ရွှေဟင်္သာသတင်းဌာန)
 
မွန်ပြည်သစ် ပါတီ ထားဝယ် ခရိုင်ရုံး မှလည်း ၄င်း ကိစ္စအား မြန်မာ အာဏာပိုင် များထံ တင်ပြ ထားသည်ဟု ဆိုပါသည်။ ဒေသခံ ရွာသူ ရွာသား များမှ ယခုကဲ့သို့ လာရောက် ခြိမ်းခြောက် ခဲ့သည့် အပေါ် များစွာ အခဲကျေ ဖြစ်နေ ကြသည် ဟုလည်း ဆိုပါသည်။
ယခု၌ နယ် အုပ်ချုပ်ရေးမှ ပေးပို့ လာသည့် ဆရာများမှာ မွန်အမျိုးသား ကျောင်းများတွင် တက်ရောက် သင်ကြား ပေးနေလျက် ရှိကာ ဒေသခံ ရွာသူ ရွာသားများ၏ မကျေနပ် မှုများနှင့် ထိပ်တိုက် တွေ့ကြ မည်ကို စိုးရိမ်စရာ ဖြစ်နေကြောင်း ခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆိုပါသည်။
မွန်အမျိုးသား ပညာရေးဌာနမှ ၂၀၁၀ ခုနှစ် ထုတ်ပြန်သော စာရင်း များအရ မွန်အမျိုးသား ကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရ ကျောင်းနှင့် တွဲဖက် သင်ကြားသည့် ကျောင်း ၁၁၆ ကျောင်း ရှိပြီး စုစုပေါင်း မွန်စာပေ သင်ကျောင်း ၂၇၂ ကျောင်း ရှိသည်ဟု သိရသည်။
မွန် အမျိုးသား ကျောင်းများတွင် မူလတန်း ၁၄၂ ကျောင်း၊ အလယ်တန်း ၁၂ ကျောင်း နှင့် အထက်တန်း ကျောင်း () ကျောင်း ၌ ကျောင်းသူ/သား တသောင်းခွဲခန့် ပညာသင်ကြားလျက် ရှိပြီး အစိုးရ ကျောင်းများ နှင့် တွဲဖက်ပြီး သင်ကြားသည့် ကျောင်းများတွင် ကျောင်းသူ/သား ဦးရေ နှစ်သောင်းကျော် ရှိသည်။
မွန်ပြည်သစ် ပါတီ လက်အောက်ခံ မွန်အမျိုးသား ပညာရေးဌာနအား ၁၉၇၂ ခုနှစ်မှ စတင် ဖွဲ့စည်း ခဲ့ပြီး ကိုယ်ပိုင် သင်ရိုး ညွှန်းတမ်း များဖြင့် မွန်စာပေကို အတန်း ပညာရေး စနစ်ဖြင့် အဓိကထား သင်ကြား နေလျက် ရှိပါသည်။ 
ရွှေဟဿင်္ာသတင်းဌာန

No comments:

Post a Comment