Friday 2 November 2012

အွန်လိုင်းမှ ဈေးဝယ်နိုင်မည့် ရတနာပုံ Debit ကတ် ထုတ်လုပ်မည်

ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်း၍ အွန်လိုင်းတွင် ဈေးဝယ်ယူနိုင်မည့် ရတနာပုံ Debit ကတ် ထုတ် လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီ လီမိတက် စီမံကိန်းများ တည်ေ ဆာက်ရေး ဌာနကြီး၏ ဌာနမှူးဦးအောင်စံမြတ်က ပြောကြားသည်။  
အဆိုပါ ရတနာပုံ Debit ကတ် ထုတ်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ် လမ်းညွှန်ချက်နှင့်အညီ MPU ၏ စည်းမျဉ်းစည်းကမ်းများအရ ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ယခုလအတွင်း စတင်ဆောင် ရွက်ေ နပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းကတ် စတင်အသုံးပြုနိုင်မည့် အချိန်ကို ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ယင်းစနစ်ကို အသုံးပြု၍ အွန်လိုင်းပေါ်တွင် ဈေးရောင်းဈေးဝယ်နိုင်ခြင်း၊ အခွန်အခများ၊ အိမ်ခြံမြေအကျိုးဆောင် လေလံတင်ခြင်း အစရှိသည်တို့ကို တစ်ပြိုင်နက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 “ရတနာပုံ Debit ကတ် ထုတ်လုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေပါတယ်။ မကြာခင် သုံးစွဲနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။ ဒီလို ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ထိုက်သင့် တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
လိုအပ်ပါ တ ယ်။ ငွေကြေး၊ နည်းပညာ၊  အချိန်တွေ အများကြီး လိုပါတယ်” ဟု ဦးအောင်စံမြတ် က ပြော သည်။ ယင်း သို့ ရတနာပုံ Debit ကတ်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ ပညာရှင်များမှ အကြံပေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းက ထပ်မံဆိုသည်။ အဆိုပါ ရတနာပုံ Debit ကတ်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်မည့် ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူက “ရတနာပုံကတ်တွေ ထွက်လာရင် သုံးစွဲသူတွေအတွက် ပိုပြီးအဆင်ပြေစေနိုင်မှာပါ။ အခုဆို MPU ကတ်တွေလဲ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတော့မှာ ဖြစ်တဲ့အတွက် နောက်ပိုင်း အွန်လိုင်းကနေ လုပ် ငန်းဆောင် တာ ကိစ္စတွေက များလာမှာပါ” ဟု ပြောသည်။ ယခုအခါ ရတနာပုံ ကုမ္ပဏီမှ အွန်လိုင်းစနစ်ကို အခြေခံ အသုံးပြုရသည့် ရတနာပုံ Online Payment Gateway နှင့် ရတနာပုံ Online Store တို့ကို စတင်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် တွင် ဖော်ပြထားပါသည်။

Ref: Khit Lu Nge

No comments:

Post a Comment