"ရပ်နားကွင်း အမှတ် (၂) ကို ခရီးသည် တွေ အဆင်ပြေစွာ နားနေနိုင်အောင် နေလုံ
မိုး လုံအောင် ပြန်လည် ဆောက်လုပ် သွားမှာပါ။ အဓိက ကတော့ ဆောက်နေတဲ့ အချိန်
ယာဉ်ကြော မပိတ်ေ အာင် ညှိနှိုင်း ဆွေးနွေး နေတုန်းပဲ၊ အတည် ပြုပြီး သွားရင်
မီဒီယာ တွေကနေ တစ်ဆင့် အသိ ပေးသွား မှာပါ" ဟု ၄င်းက ပြောကြားသည်။
ယခု အချိန်ထိ မြေသား စမ်းသပ် စစ်ဆေး၍ အဆောက်အအုံ မူကြမ်း ရေးဆွဲပြီး ဖြစ်သော် လည်း ဆောက် လုပ်စဉ် ကာလ တွင် နယ်ဝင် ကားများ ရပ်နားသည့် အခါ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ် စေရန် နှင့် ခရီးသွား ပြည်သူများ အား အဆင်ပြေ ချောမွေ့ စေရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၄င်းထံမှ သိရသည်။
ယင်း ရပ်နားကွင်း အမှတ် (၂) မှာ အမှတ် (၁) (ဘားအံ)ကွင်း ထက် ပိုမို ကျယ်ဝန်း၍ မန္တေ လး၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ပုဂံ၊ မိတ္တီလာ၊ လားရှိုး၊ မူဆယ် စသည့် နယ်အဝင် ကားများမှ ခရီးသည် များ အတွက် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

ref:
No comments:
Post a Comment