Friday 2 November 2012

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ပြည်တွင်းဖြစ် ကားများကို အသုံးပြု သွားမည်ဟုဆို



ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ ချိန်မှ စ၍ ရုရှား နိုင်ငံမှ ခေါင်းဆောင်များ စီးနင်းခဲ့သည့် နိုင်ငံခြားဖြစ် ကျည်ကာ ကားများ အစား ပြည်တွင်းဖြစ် ကားများကို အသုံးပြုရန် သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ် ခဲ့သည်။


သမ္မတ ပူတင် ကိုယ်တိုင် ရုရှား နိုင်ငံလုပ် ကျည်ကာ ကားကို အသုံးပြု သွားမည် ဖြစ်ပြီး ရုရှား နိုင်ငံမှ အရာရှိကြီး များလည်း ပြည်တွင်းဖြစ် ကားကို စီးသင့်သည်ဟု မိမိ ယူဆ ကြောင်းဖြင့် ယခု သီတင်းပတ် တွင် ပြုလုပ်သည့် ရုပ်သံ အစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။

သို့ဖြစ်၍ ရုရှား သမ္မတနှင့် အခြား ရုရှား အဆင့်မြင့် ခေါင်းဆောင် များသည် မကြာမီ Zil ကျည်ကာ ကားသစ် များ စီးနင်း ကြတော့မည် ဖြစ်သည်။
 
ref:မြ၀တီ

No comments:

Post a Comment