Friday 2 November 2012

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများမှ ကျပ်သန်းပေါင်း ၂၃ သိန်းကျော်ထပ်မံတောင်းခံထားပြီး စက်မှုဝန်ကြီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ငါးသိန်းကျော်ဖြင့် အများဆုံး တောင်းခံထားကြောင်းသိရ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မူလခွင့်ပြုငွေဖြင့်မလုံလောက် သဖြင့် ပြည်ထောင်စု အဆင့်ဌာနအဖွဲ့ အစည်းများမှ ကျပ်သန်းပေါင်း ၂၃ သိန်းကျော် ထပ်မံတောင်းခံထားပြီး စက်မှုဝန်ကြီးဌာနမှ ငွေလုံငွေရင်း အသုံး စရိတ်အဖြစ် ကျပ် ၅၀၆၅၂၂.၅၆၇ သန်းဖြင့် အများဆုံးတောင်းခံထားကြောင်း သိရသည်။

အဆိုပါထပ်မံတောင်းခံငွေ ကျပ် ၂၃၄၇၄၆၅ သန်းတွင် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများအတွက် သာမန်အသုံးစရိတ် ကျပ် ၁၁၆၁၈၅၁ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၁၅၆၇၀၃ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၂၈၉၁၁ သန်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများအတွက် နောက်ထပ်သာမန် အသုံးစရိတ်တောင်းခံရသည့် အကြောင်း အရင်းမှာ လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင်၊ ဝေးလံခေါင်သီသောဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ်၊ ခရီး စ ရိတ်၊ ရုံးအသုံး အဆောင်ပစ္စည်းများ၊ စက်သုံးဆီဖိုးများ၊ တံဆိပ်ခေါင်းကြေးနန်းနှင့် တယ်လီ ဖုန်း၊ နိုင် ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လိုငွေပြင်ဆင် ထိန်းသိမ်းစရိတ် လျှပ်စစ်ဓာတ်အားခ၊ ဧည့် ခံကျွေးမွေး စရိတ်လိုငွေ၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ အတိုးပေးငွေ၊ ကုန်ကြမ်း ၀ယ်ယူခြင်းအတွက် အသုံးစရိတ်၊ကုန်တင်ခနှင့် ကိုင်တွယ်စရိတ်၊ စီမံနှင့်သုတေသနစရိတ်၊ အခွန် အခ များအတွက်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန် က နို ၀င် ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့ပါသည်။

ငွေလုံးငွေရင်း အသုံးစရိတ်တောင်းခံရသည့်အကြောင်းမှာလည်း ရုံးသုံးပရိဘောဂများ၊ စက်ကရိယာများ ၀ယ် ယူရန်၊ အဆောက်အဦး အကြီးစား ပြင်ဆင် ရန်၊ ဆောက်လုပ်ရေးလုပ်ငန်း များ၊ မြေလျော်ကြေးေ ပးချေ ရန်နှင့် ဌာနအလိုက်လုပ်ငန်းများ လုပ် ဆောင်ရန် လိုအပ်သည့် အတွက် တောင်းခံခြင်းဖြစ်ေ ကြာင်းနှင့် ပြည်ပချေးငွေအရင်းများ ပေးဆပ်ရန်နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲခြင်း ကြွေးမြီအတွက်တောင်းခံရခြင်းဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောပါသည်။

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအလိုက် ထပ်မံတောင်းခံရာခံတွင် စက်မှုဝန်ကြီးဌာနအတွက် သာမန်အ သုံးစရိတ် ကျပ် ၁၈၆၈၄.၂၁၇ သန်း၊ ငွေလုံးငွေရင်းအသုံး စရိတ် ၅၀၆၅၂၂.၅၆၇ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၈၅၀.၄၄၇ သန်းနှင့် အများဆုံးတောင်းခံထားကြောင်း သိရသည်။

ပြည်ထဲရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၅၇၄၅.၁၃၈ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ၁၄၈၀.၈၇၆ သန်း၊ ကာကွယ်ရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၆၇၀၁၁.၉၉၈ သန်း၊ ငွေလုံးငွေ ရင်းအသုံး စရိတ် ၅၉၆၇၉.၉၇၈ သန်းနှင့် ကြွေးမြီအသုံးစရိတ် ၉၄.၆၉၉ သန်း၊ နယ်စပ်ရေးရာအတွက် သာမန်အသုံးစရိတ် ကျပ် ၁၂၉၁၉.၈၂၀ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၅၆၄၁၉.၅၁၄ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၅၁.၀၀သန်း၊ နိုင်ငံခြားရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၄၈၂၀.၈၉၁ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၆၈၄.၁၇၅ သန်း၊ ပြန်ကြားရေးအတွက် သာမန်အသုံးစရိတ်ကျပ် ၂၈၂၄.၅၆၉ သန်း၊ ငွေလုံးငွေ ရင်းအသုံးစရိတ် ကျပ် ၁၄၀၈၇.၄၂၆ သန်း၊ ယဉ် ကျေးမှုအတွက် သာမန်အသုံးစရိတ် ကျပ် ၅၇၁.၄၄၁ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၄၃၇.၄၇၅ သန်း၊ လယ်ယာ စိုက် ပျိုးရေးနှင့် ဆည်မြောင်းအတွက် သာမန်အသုံးစရိတ် ကျပ် ၇၂၄၇.၂၅၃ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၆၃၂၃၂.၉၃၅ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၁၆၉၁.၅၇၇ သန်း၊ သာသနာရေးအတွက် သာမန် အသုံးစရိတ် ကျပ် ၉၃.၆၈၈ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၁၂.၀၃၄ သန်း၊ သမ၀ါယမအတွက် သာမန် အသုံးစရိတ် ကျပ်  ၂၀၆.၅၈၁ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၃.၆၀၀ သန်း၊ မွေးမြူေ ရးနှင့်ရေ လုပ်ငန်းအတွက် သာမန်အသုံးစရိတ် ကျပ် ၁.၃၅၃ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၁၇၇.၀၀၀သန်း၊ ရထားပို့ဆောင်ရေးအတွက် သာမန်အသုံးစရိတ် ကျပ်  ၃၃၀.၈၈၇ သန်း၊ ငွေလုံးငွေ ရင်းအ သုံးစရိတ် ကျပ် ၇၆၃၇.၂၈၀ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၈၂၄.၇၈၈သန်း၊ သတ္ထုတွင်းအတွက် သာမန်အသုံးစရိတ် ကျပ် ၅၁၀၂၁.၄၂၇ သန်း၊ ဆောက်လုပ်ရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၄၂၁၁၂.၆၈၈ သန်း၊ ငွေ လုံးငွေရင်းအသုံးစရိတ် ကျပ် ၁၈၃၄၈၄.၉၇၈ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၂၅၂.၃၂၀ သန်း၊ ဘဏ္ဍာရေးနှင့်အခွန်အတွက် သာမန်အသုံးစရိတ် ကျပ် ၃၂၇၂၉၁.၃၁၆ သန်း၊ ငွေလုံးငွေ ရင်း အသုံးစရိတ် ကျပ် ၃၅၇၉.၉၀၉ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၁၅၃၂၃.၃၄၂ သန်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအားအတွက် သာမန်အသုံးစရိတ် ကျပ်  ၂၂၆၁.၃၉၉သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၂၃၆၁၉.၉၂၃သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၁၄၆၅.၇၉၅ သန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမန်အသုံးစရိတ် ကျပ် ၉၂၃.၅၁၀ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၉၀၇၉.၆၇၉သန်း၊ အလုပ်သမားအတွက် သာမန်အသုံးစရိတ် ကျပ် ၆၆.၉၅၀ သန်း၊ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၁၁၄၇.၅၈၀ သန်း၊ ငွေလုံးငွေ ရင်းအသုံးစရိတ် ကျပ် ၂၂၀.၀၀၀သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၃.၁၁၅သန်း၊ ပို့ဆောင်ရေးအတွက် သာမန်အသုံးစရိတ် ကျပ် ၁၅၆၃၃.၉၆၃ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၃၃၇၈၃.၄၈၈ သန်းနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၃၄.၃၀၇သန်း၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းအတွက် သာမန်အ သုံးစရိတ် ကျပ်  ၅၉၁.၁၅၇သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၂၇၇၄၀.၅၃၈ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၁၉၄၀.၇၃၄သန်း၊ စွမ်းအင်အတွက် သာမန်အသုံးစရိတ် ကျပ် ၃၉၅၉၁၉.၈၀၉ သန်း၊ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၇၁၅.၃၆၆ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၄၇၃၅.၉၆၈သန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားအတွက် သာမန်အသုံးစရိတ် ကျပ် ၅၇၇.၁၆၆ သန်း၊ ငွေလုံးငွေ ရင်းအ သုံးစရိတ် ကျပ် ၁၃၇.၄၁၀ သန်း၊သိပ္ပံနှင့်နည်းပညာအတွက် သာမန်အသုံးစရိတ် ကျပ်  ၅၁၃.၈၆၈ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၉၇.၄၃၆ သန်း၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာအတွက် သာမန်အသုံးစရိတ် ကျပ် ၁၇၂၅၅၉.၆၄၂ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၄၅.၁၀၈ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ်၃၄.၇၇၀ သန်း၊ အမှတ်(၂)လျှပ်စစ်စွမ်းအားအတွက် သာမန်အသုံးစရိတ် ကျပ် ၁၇၅၀၁.၂၈၂ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၃၇၅၅၈.၉၁၉ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၁၃၆၆.၂၃၈သန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအတွက် သာ မန် အ သုံးစရိတ် ကျပ် ၃၃၇.၅၉၇ သန်းနှင့် ကြွေးမြီ အသုံးစရိတ် ကျပ် ၂၄၁.၇၁၂သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းအတွက် သာမန်အသုံးစရိတ် ကျပ် ၄၅၃.၃၅၆ သန်း၊ အားကစားအတွက် သာမန်အသုံးစရိတ် ကျပ် ၅၆၈၃.၇၂၈ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၃၉၂၄.၂၅၇ သန်း၊ ပညာရေး အတွက် သာမန်အသုံးစရိတ် ကျပ် ၃၇၄၆.၄၉၂ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၈၉၈၀.၃၆၈ သန်း၊ ကျန်းမာရေးအတွက် သာမန်အသုံးစရိတ် ကျပ်  ၁၄၂၉.၅၈၂သန်း၊ ငွေလုံးငွေ ရင်းအသုံး စရိတ် ကျပ် ၇၀၉၂.၇၆၁ သန်းတို့ဖြစ်ကြောင်း သိရသည်။

ref:EMG

No comments:

Post a Comment