Friday, 2 November 2012

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်များ တွင် ကျင်းပမည်ဖြစ်သည်။

ယခုနှစ် ဖိုရမ်၏ အကြောင်းအရာခေါင်းစဉ်မှာ “Turbulent World. Rising Asia. Where do we go from here?” ဖြစ်သည်။

လက်ရှိအခြေအနေသည် မြန်မာနိုင်ငံအတွက်အရေးပါသောအခါသမယ ဖြစ်နေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း များစွာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲ သီးခြားနေထိုင်ခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လ တွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အ ထည်ဖော် ခဲ့ သည့်အတွက် ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုများ ရှိလာသည်။

ယခင်က အလားတူ ဖိုရမ် ရှစ်ကြိမ် လုပ်ခဲ့ဖူးပြီး ယခုနှစ်ဖိုရမ်က အာဆီယံ၏ လက်ရှိနှင့် နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုအဖွဲ့အစည်းများမှ နောင်လာမည့်ခေါင်းဆောင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဖိုရမ်အတွက် ဖိတ်ကြားထားသည့် ဟောပြောသူများထဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်၊ ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ်၊ စာရေးဆရာ ဦးသန့်မြင့်ဦး၊ SPA Group မှ မစ္စတာ Serge Pun၊ ထိုင်းနိုင်ငံ The Nation မှ သတင်းစာဆရာ ကာဝိတို့ ပါဝင်သည်။
 
ref:EMG

No comments:

Post a Comment