Thursday 29 November 2012

ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ

Photo: ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ
Thursday, 29 November 2012

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး  စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာမှ တောင်သူများ ထံက သိရသည်။

စပါးပေါ်ချိန်၌ဆင်ရွာကြီး၊ကန်သာ၊နွယ်နီ၊နတ်စိမ်း၊မန်ကျည်းပင်စသောကျေးရွာများရှိစပါးစိုက်ခင်းအချို့ကြွက်ကျ၍ နွယ်နီကျေးရွာအ တွင်းရှိ
စပါးခင်းများမှာ ကြွက်ပိုကိုက်ခံရကြောင်းဖြစ်သည်။

“မြွေဖမ်းတဲ့သူတွေကြောင့် ကြွက်ကိုစားတဲ့လင်းမြွေတို့ မြွေပွေးကနည်းပြီး ကြွက်ကများလာတယ်။ စပါးခင်းကြွက်ကိုက်ရင် တစ်ဧကကို စပါး(၅)တင်း
လောက်ဆုံးရှုံးတယ်။ စပါးပင်မဖြစ်သေးတဲ့ ကျဲသား ပေါက်ကို ကိုက်ခံရရင်
ပိုဆိုးတာပေါ့” ဆင်ရွာကြီးကျေး ရွာမှ တောင်သူဦးရဲမြင့်က ပြောသည်။

စပါးခင်းလုံခြုံရေး အတွက် အချို့တောင်သူများမှာ လူငှားထား၍ အချို့မှာ ဗျောက်အိုးဖောက်ခြောက်လှန့်ခြင်းများရှိကြောင်းနှင့် စပါးပင်ရင့်လာသည့်အခါ၌ ကြွက်အန္တရာယ်မရှိတော့ကြောင်းကိုလည်း
ဒေသခံတို့က ဆိုသည်။

“စပါးပင်ဖူးလာပြီးမွှေးတဲ့အချိန်မှာ ကြွက်အကိုက်ဆုံးပဲ။ ဒီဘက်က
တောင်သူတွေကတော့ ရခိုင်ဘက် မှာသုံးတဲ့ 5G ကြွက် သတ်ဆေးတွေကို ကြွက်တွင်းတွေထဲ ချကြတယ်၊ အဲဒါလည်း ကိုက်တာပဲ”ဟုနွယ်နီကျေးရွာမှ
တောင်သူတစ်ဦးက ပြောသည်။

အဆိုပါဒေသများ၌ တောင်သူအများစုမှာ မဂျမ်းတောစပါးနှင့် မနောသုခစပါး အများဆုံးစိုက်ပျိုးပြီး စပါးပင်နုချိန်၌ ကြွက်ကိုက်ခံရသောကြောင့် ထွက်နှုန်းသိသိသာသာလျော့ကျ လာကြောင်း ကိုလည်း သိရသည်။

“လွန်ခဲ့တဲ့(၇)နှစ်လောက်က စပါးခင်းတွေ ကြွက်ကိုက်ခံရတုန်းက တစ်ဧကကို(၄၅)တင်းလောက်ပဲ၊ ထွက်တော့ တောင်သူတွေ အရှုံးများကြတယ်”ဟု တောင်သူဦးဝင်းလှိုင်က ပြောသည်။

အဆိုပါကျေးရွာများရှိလယ်ယာလုပ်ငန်းခွင်များ၌ကျွဲ၊နွားများဖြင့်အသုံး
မပြုတော့ပဲ လယ်ယာစက် များအား အသုံးပြုလာသောကြောင့် ကျွဲ၊နွားများအတွက် မြက်မရိတ်ရသဖြင့် မြက်တောများ ထ၍ ၄င်းမြက်တောများအတွင်း ကြွက်များခိုအောင်းခြင်း၊ ကြွက်စားသည် 
့မြွေ များအား လူများက ရှာဖွေ ဖမ်းဆီးခြင်းကြောင့် ယခုကဲ့သို့ စပါးထွက်နှုန်းလျော့ကျခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။

သဘာဝဂေဟစနစ်တစ်ခုခြင်းပျက်ယွင်းခြင်းကြောင့် လယ်ယာများအား ဖျက်ဆီးသော ကြွက်များ ပေါလာခြင်းဖြစ်ကြောင်း၊ ယင်းနယ်များတင်မက
မြန်မာနိုင်ငံ အလယ်ပိုင်းအတွင်းရှိ စပါးတောများတွင်လည်း ကြွက်ရန်နှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်
အရေးလေ့လာသူတစ်ဦးက ရှင်းပြသည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေး ရွာမှ တောင်သူများ ထံက သိရသည်။ စပါးပေါ်ချိန်၌ ဆင်ရွာကြီး၊ ကန်သာ၊နွယ်နီ၊နတ်စိမ်း၊ မန်ကျည်းပင် စသောကျေးရွာ များရှိစပါး
စိုက်ခင်း အချို့ကြွက်ကျ၍ နွယ်နီကျေးရွာအ တွင်းရှိစပါးခင်းများမှာ ကြွက်ပို ကိုက်ခံ ရကြောင်း  ဖြစ်သည်။

“မြွေဖမ်းတဲ့သူတွေကြောင့် ကြွက်ကိုစားတဲ့လင်းမြွေတို့ မြွေပွေးကနည်းပြီး ကြွက်ကများလာတယ်။ စပါးခင်းကြွက်ကိုက်ရင် တစ်ဧကကို စပါး(၅)တင်းလောက်ဆုံးရှုံးတယ်။ စပါးပင်မဖြစ်သေးတဲ့ ကျဲသား ပေါက်ကို ကိုက်ခံရရင်ပိုဆိုးတာပေါ့” ဆင်ရွာကြီးကျေး ရွာမှ တောင်သူဦးရဲမြင့်က ပြောသည်။

စပါးခင်းလုံခြုံရေးအတွက်အချို့တောင်သူများမှာလူငှားထား၍အချို့မှာ ဗျောက်အိုးဖောက်ခြောက်လှန့်ခြင်းများရှိကြောင်းနှင့် စပါးပင်ရင့်လာသည့်အခါ၌ ကြွက်အန္တရာယ်မရှိတော့ကြောင်းကိုလည်းဒေသခံတို့က ဆိုသည်။
“စပါးပင်ဖူးလာပြီးမွှေးတဲ့အချိန်မှာ ကြွက်အကိုက်ဆုံးပဲ။ ဒီဘက်ကတောင်သူတွေကတော့ ရခိုင်ဘက် မှာသုံးတဲ့ 5G ကြွက် သတ်ဆေးတွေကို ကြွက်တွင်းတွေထဲ ချကြတယ်၊ အဲဒါလည်း ကိုက်တာပဲ”ဟုနွယ်နီကျေးရွာမှတောင်သူတစ်ဦးက ပြောသည်။
အဆိုပါဒေသများ၌ တောင်သူအများစုမှာ မဂျမ်းတောစပါးနှင့် မနောသုခစပါး အများဆုံးစိုက်ပျိုးပြီး စပါးပင်နုချိန်၌ ကြွက်ကိုက်ခံရသောကြောင့် ထွက်နှုန်းသိသိသာသာလျော့ကျ လာကြောင်း ကိုလည်း သိရသည်။
“လွန်ခဲ့တဲ့(၇)နှစ်လောက်က စပါးခင်းတွေ ကြွက်ကိုက်ခံရတုန်းက တစ်ဧကကို(၄၅)တင်းလောက်ပဲ၊ ထွက်တော့ တောင်သူတွေ အရှုံးများကြတယ်”ဟု တောင်သူဦးဝင်းလှိုင်က ပြောသည်။

အဆိုပါကျေးရွာများရှိလယ်ယာလုပ်ငန်းခွင်များ၌ကျွဲ၊နွားများဖြင့်အသုံးမပြုတော့ပဲ လယ်ယာစက် များအား အသုံးပြုလာသောကြောင့် ကျွဲ၊နွားများအတွက် မြက်မရိတ်ရသဖြင့် မြက်တောများ ထ၍ ၄င်းမြက်တော များအတွင်း ကြွက်များခိုအောင်းခြင်း၊ ကြွက်စားသည့် မြွေ များအား လူများက ရှာဖွေ ဖမ်းဆီးခြင်းကြောင့် ယခုကဲ့သို့ စပါးထွက်နှုန်းလျော့ကျခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။
သဘာဝဂေဟစနစ်တစ်ခုခြင်း ပျက်ယွင်းခြင်းကြောင့် လယ်ယာများအား ဖျက်ဆီးသော ကြွက်များ ပေါလာခြင်းဖြစ်ကြောင်း၊ ယင်းနယ်များတင်မကမြန်မာနိုင်ငံ အလယ်ပိုင်းအတွင်းရှိ စပါးတော များတွင် လည်း ကြွက်ရန်နှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် အရေးလေ့လာ သူ တစ်ဦးက ရှင်းပြသည်။

(မြစ်မခ)

No comments:

Post a Comment