
ဒါ့အပြင် အဆိုပါ တန်ဖိုးနည်း ဖုန်းများ
တပ်ဆင်မှု ကိုတော့ ယခုနှစ် အတွင်း အပြီးပြုလုပ် သွားနိုင်ဖို့ အတွက်ကို
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Hawei, ZTE နဲ့
ASB တို့နဲ့လည်း စာချုပ် ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ
GSM တန်ဖိုးနည်း ဖုန်းများကို ဈေးနှုန်း အနေနဲ့ ကျပ်တစ်သိန်း ခွဲအောက်
ဈေးနှုန်းနဲ့ သတ်မှတ် ရောင်းချပေး သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ အဆိုပါ ကျပ်တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းများကို
လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ရောင်းချ ပေးနိုင်ဖို့ အတွက်
ကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4
MRTV - 4
No comments:
Post a Comment