Thursday 29 November 2012

ရခိုင်ပါတီဝင်တချို့ကို ရဲက ခေါ်ယူ ခြိမ်းခြောက်နေ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgPjyupGvJpwsjHECjbZOGw5I1pArsF_w9OYivCGaLe0pRPNgFAQwCJFAJxB-hmTA-8YaA_vlkDOcUDCARdaWWZDD7DtF6El-skyamhEIHAZOY7Qpnih467zfo0K5J3n9UP1QecZZ2Q4/s200/00000000000000000000+copy.jpg
ပါက်တောမြို့နယ်၊ ချင်းပြည်နယ်ထဲက ရခိုင်တိုင်းရင်း သားတွေ နေထိုင်တဲ့ ပလက်ဝ မြို့နယ်တို့မှာ ပါတီဝင် အဖြစ်လျှောက် ထား သူတွေကို အမည်နဲ့မှတ်ပုံတင်တွေ ကွဲလွဲနေတယ် ဆိုပြီးတော့ ပါတီဝင်တွေကို ခေါ်ယူ စစ်ဆေးတာ၊ ခြိမ်းခြောက်တာနေတယ်လို့ ALD ရဲ့ ပေါက်တော မြို့နယ် ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက
ဧရာဝတီကို ပြောပါတယ်။ `ဒီလိုလွဲနေတဲ့အတွက် ပါတီကို ဖျက်သိမ်းနိုင်တယ် လို့ပြောတဲ့အပြင် ပါတီဝင် လျှောက်ထားတဲ့သူတွေလည်းပဲ ခေါ်ယူစစ်ဆေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်တော့ တချို့ ကြောက်နေကြတယ်၊ ဒီလိုခြိမ်းခြောက်တာကိုတော့ ကျနော်တို့ပါတီထဲ မ၀င်ရဲကြအောင် လုပ်တယ်လို့ မြင်တယ်´လို့ ဦးမြတ်ထွန်း က ဆိုတယ်။ပါတီစည်းရုံးရေး ခရီးစဉ်ကိုလည်း ကော်မရှင်အဖွဲ့က ဥပဒေအရ တလ သတ်မှတ်ထားပေမယ့် ၂ ပတ်ခန့်သာ စည်းရုံးခွင့်ပေးတယ် လို့ သိရတယ်။ ဒါပေမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးရေး ပါတီ (တစည) တွေကိုတော့ လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားတဲ့ အပေါ်မှာ လည်းပဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ် သူက ထောက်ပြ ဝေဖန်ပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ပါတီ ဗဟိုအဖွဲ့ကတော့ ဥပဒေဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားဖို့ လမ်းညွှန်မှု ပေးထားတယ်လို့ ဗဟိုအလုပ်မှုဆောင် တဦးက ပြောပါတယ်။ ALD ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် ကတော့ လက်ရှိမှာ သူစည်းရုံးရေး ဆင်းနေတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင် စတဲ့မြို့ နယ်တွေမှာ ခြိမ်းခြောက်တာ ဟန့်တားတာ မရှိဘူးလို့ ပြောတယ်။ဒေသခံ ပြည်သူအများစုက လည်းပဲ ရခိုင်ပါတီတွေကို လိုလို လားလား ထောက်ခံအားပေးမှု တွေရှိနေတယ်လို့ ဦးအေးသာအောင် က ဆိုပါတယ်။ ရခိုင်ပြည်သူတွေက တော့ ရခိုင်ပါတီတွေ ဖြစ်တဲ့ ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP )ပါတီ နှစ်ခုကို ရခိုင်ပြည်ကိုယ်စားပြုထားတဲ့ ရခိုင်အမျိုးသားအင်းအားစု ပါတီကြီး တခုအဖြစ်ရပ်တည်ဖို့ လိုလားနေကြပါတယ်။ ALD ပါတီက ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်တပြည်လုံးနီးပါး အောင်ပွဲခံခဲ့သလို RNDP ကလည်းပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီလို အောင်ပွဲခံတာကိုပဲ ရခိုင်ဒေသ တွင်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီက လိုလားမှု မရှိဘူးလို့ ရခိုင်နိုင်ငံရေး
အသိုင်းအ၀ိုင်းကရော ရခိုင်ပြည်သူတွေကပါ ပြောနေကြတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီ ၀င်နဲ့ ရခိုင်ပြည်စည်းရုံးရေး တာဝန်ခံဖြစ်သူ ဦးမောင်ဦး ဆိုရင် ရခိုင်ဒေသမှာ ကြံ့ခိုင်ရေးပါတီ အောင်ပွဲ မခံနိုင်တဲ့ အပေါ်မှာ အတော် မကျေမနပ်ဖြစ်နေတဲ့ အကြောင်း၊ ၂၀၁၅ မှာ အနိုင်မရ ရအောင် လုပ်ဆောင်ကြဖို့ အတွက် ရခိုင်ဒေသသို့ စည်းရုံးရေး ခရီးစဉ် လာတိုင်း ကြုံးဝါးလေ့ ရှိတယ်လို့ ရခိုင်ဒေသခံတွေက ဆိုကြတယ်။ ဦးမောင်ဦး လာတဲ့ခရီးတွေမှာတော့ ပါတီဝင် တဦးစည်းရုံးရေး လာတနဲ့မတူဘဲ အာဏာပိုင် အကြီးအကဲ တဦးလာသလိုမျိုး ရဲတွေ၊ အာဏာပိုင်တွေက လုံခြုံရေး ယူပေးတာ၊ သူ့ရဲ့ စည်းရုံး ဟောပြောတာကို မလာမနေရ တက်ရောက်ခိုင်းတာ၊ ဌာနဆိုင်ရာ ရုံးဝန် ထမ်း တွေကို ဖိအားပေး စေခိုင်းတာတွေ လုပ်ဆောင်လေ့ ရှိတယ်လို့ လည်းသိရတယ်။ဦးမောင်ဦးဟာ ရခိုင်ဒေသမှာ စစ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း တယောက်လည်း ဖြစ်တယ်။ ALD ပါတီရဲ့ စည်းရုံးရေး ခရီးစဉ်တွေကို အာဏာပိုင်တွေက နှောင့်ယှက်တာဟာ ပြီးခဲ့တဲ့ ၂ လ ခန့်ကလည်း ရှိခဲ့တယ်လို့ ဦးအေး သာအောင် က ပြောပါတယ်။ အလားတူ ရခိုင်ဒေသတွင်းက တချို့နေရာမှာ လည်းပဲ RNDP ပါတီဝင် တချို့ကို အာဏာပိုင်တွေက မလိုအပ်ဘဲ ခေါ်ယူစစ်ဆေးတာ၊ မေးမြန်းတာတွေ ရှိတယ်လို့ သိရတယ်။  ဒီတော့ ရခိုင်နိုင်ငံရေးပါတီတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ ရဲ့ ခြိမ်းခြောက်မှု တချို့ ရှိလာတာဟာ ဘာကြောင့် ဆိုတာကို သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ လည်း ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြတယ်။


ဧရာဝတီ

No comments:

Post a Comment