Thursday 29 November 2012

မန်မာဆရာဝန်များနှင့် သင့်တော်သည့် ကျန်းမာရေးစီမံခန့်ခွဲမှု ပရိုဂရမ်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/604034_497964823577494_227077146_n.jpg
မြန်မာနိုင်ငံမှ ဆေးပညာဘာသာရပ်တစ်ခုခု(သို့မဟုတ်)ဆရာဝန်ဘွဲ့ရရှိထားသူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management   နှင့်Master of Health Services Management ဘာသာရပ်အား လေ့လာသင်ယူနိင်မည်ဖြစ်ကြောင်း ပညာရေး ၀န်ဆောင်မှု အသိုင်းအ၀ိုင်းမှ သိရသည်။



အဆိုပါဘာသာရပ်ဆိုင်ရာဘွဲ့ ကို Australian College of Health Service Management (ACHSM) အဖွဲ့ကြီး မှအသိ အမှတ်ပြုထားကြောင်းနှင်
ကျောင်းပြီးပါ က ACHSM အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် ဘွဲ့ရများအနေဖြင့် သြစတြေးလျ (သို့မဟုတ်) နိုင်ငံတကာရှိ Health Project Manager များအဖြစ် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်၊၊

အဆိုပါဘာသာရပ်များ၏ထူးခြားချက်မှာလက်တွေ့လုပ်ဆောင်ရသော စာသင်ကြားမူများနှင့် အလုပ် အကိုင်နေ ရာ ချထား မူ့ပါဝင်ကြောင်းကျောင်းလျှောက်ထားမှုအား ၀န်ဆောင်မှုပေးမည့် CROWN Educationမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊၊

ကျောင်းသားကျောင်းသူများအနေဖြင့်အပတ်စဉ် အလှည်ကျအဖြစ် တစ်ပတ်(၄)ရက် စာသင်ရမည်ဖြစ်ပြီး ကျန်အပတ် ၌ လုပ်ဖော်ကိုင်ဖက်များ၊ ဆရာဆရာများ၊ ပရောဂျက်လုပ်ငန်း တာဝန်ရှိသူများနှင့် လက်တွေ့ လုပ်ဆောင်စီမံခန့်ခွဲ ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

သင်ယူရမည့်မော်ဂျူးများ အနေဖြင့်Health Informatics ၊Health Systems ၊ Health Economics ၊ Health Finance and Project Management ၊ Leadership in Management for Health Services ၊ Strategic Decision Making in Health နှင့် Health Policy and Planning တို့ကို
သင်ယူနိုင်သည်။

“နိုင်ငံတကာမှာ အရည်အသွေးပြည့်ဝပြီးအဆင့်မှီတဲ့ ကျန်းမာရေး
စောင့်ရှောက်မှု၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များဖွံဖြိုး တိုးတက်
လာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း တမျိုးသားလုံး ကျန်းမာဖို့ဆိုရင်
ကောင်းမွန်တဲ့စီမံကိန်းတွေ၊ နောက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စီမံခန့်ခွဲသူတွေ လိုအပ်လာပါတယ်။ ဒီဘာသာရပ်မှာဆိုရင် ကျန်းမာရေး စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်လုပ်ဆောင်ရမှု၊ အဲဒီစီမံကိန်းထဲမှာ လုပ်သားစွမ်းအား၊ ဘတ်ဂျက်တွက်ချက် ခြင်း ၊ နိုင်ငံတကာ ပရောဂျက်တွေကို လက်တွေ့ပူးပေါင်းလုပ်ဆောင်မှု၊ ကျန်းမာရေး
စောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုသင်ခန်းစာတွေ ပါဝင်ပါတယ်” ဟု CROWN Education မှဦးအောင်ကျော်ဆန်းမှပြောကြားသည်။

မြန်မာနိုင်ငံမှ MBBS လက်မှတ်ရကျောင်းသူကျောင်းသားများအနေဖြင့် သြစတြေးလျနိုင်ငံတွင် ဆေးပညာနှင့် ဆက်စပ် သော ဘွဲ့ လွန်သင်တန်းများ
အတွက် ၀င်ခွင့်ခက်ခဲ့လေ့ရှိပြီး ယခုပရိုရမ်သည် မြန်မာနိုင်ငံမှ ဆရာဝန်များ
အတွက် အသင့် တော်ဆုံး ပရိုဂရမ်တစ်ခုဖြစ်ကြောင်း ၄င်းက ဆက်လက်
အကြံပြုပြောကြားသည်၊၊

Intake မှာ ဖေဖော်ဝါဂရီ နှင့်ဇူလိုင်လတို့ဖြစ်ပြီးGraduate Certificate ကို(၆) လနှင့် Master ပရိုဂရမ် ကို တစ်နှစ်ကြာသင်ယူနိုင်ပြီး ကျောင်းလခ သြစတြေးလျ ဒေါ်လာ (၈၉၀၀)ကျော်နှင့် (၁၇၀၀၀)ကျော် ကုန်ကျမည်
ဖြစ်သည်။

မြန်မာနိုင်ငံမှဆေးပညာဘာသာရပ် တခုခု(သို့ဟုတ်)၊ ဆရာဝန်ဘွဲ့တခုခု
ရရှိထားပြီး အင်္ဂလိပ်စာ လိုအပ်ချက် IELTS 6.5 ရှိသူများ လျှောက်ထား
နိုင်ကြောင်းသိရသည်။

ကျောင်းလျှောက်ထားရန် အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း (1 C) ၊ မြေနီကုန်း၊
ပြည်လမ်း၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၅၀ ၈၅ ၁၈၅ သို့ ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါသည်။

Myit Makha Mediagroup

No comments:

Post a Comment