Saturday 20 October 2012

ပုသိမ် မှာလည်း NLD အဖွဲ့ဝင် ၅၀၀ ထွက်ပြန်ပြီ

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၅၀၀) ဦးသည် ပါတီမှ နှုတ်ထွက်ရန် ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ့ ညနေပိုင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါ သည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ပါတီဝင်များ အနေဖြင့် နှုတ် ထွက်ခြင်းကိုအခမ်း အနား ပြုလုပ် မည် ဖြစ်ကြောင်းနှင့်နှုတ်ထွက်သူများ အနေဖြင့် NGO ပုံစံဖြင့် ဆက်လက် ရပ်တည် သွားရန် စီစဉ် ထားကြောင်းလည်း သိရှိရပါသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မကွေးမြို့မှ NLD ပါတီဝင်များ ပါတီတွင်း ဒီမို ကရေစီ ပျောက်ဆုံးနေမှုကြောင့် အစုလိုက်အပြုံလိုက် ပြိုင်ဘက်ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ သို့ကူးပြောင်း ခဲ့ကြသေးသည်။ ထို့ကြောင့် NLD ပါတီ အနေဖြင့် တစ်လအတွင်း ဒုတိယအကြိမ်မြောက် ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့သည်။

No comments:

Post a Comment