Saturday 20 October 2012

မြန်မာတို့တို့၏ စည်းလုံးညီညွတ်မှုကြောင့် နန်းခင်ဇေယျာ တတိယမြောက်ဆုတစ်ခု ထပ်မံ ဆွတ်ခူး

 
Miss Myanmar Nang Khin Zay Yar receives a special trophy from Missosology Editor and Big4 Analyst Stephen Diaz, October 20, 2012
 
Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် Internet မှတဆင့် မဲပေးရွေးချယ်ရသည့် People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူး ရရှိ ခဲ့ခြင်းဖြစ်သည်။အဆိုပါဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်း တွင် မြန်မာကိုယ် စားပြုအလှ မယ် နန်းခင်ဇေယျာအား People's Choice Award အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

"မြန်မာကိုယ်စားပြုအလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေ ပဲပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်၊ နန်းခင်ဇေယျာ ကိုယ်တိုင် ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို တရားဝင် ဆက်သွယ် အသိေ ပးပြောကြားလာ တာမျိုးမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုယ်စားပြုဆုရတဲ့အတွက် ၀မ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ချုပ် အတွင်းရေး မှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ရက်နေ့ ည၈နာရီ ခန့်က ပြောကြားခဲ့ ပါသည်။
 
နန်းခင်ဇေယျာ ရရှိထားသော ဆုများမှာ 
Miss International 2012 ကလုပ်တဲ့ Online Voting - Miss Internet Award
Missosology ကလုပ်တဲ့ - People choice award
Pageantology ကလုပ်တဲ့ - People choice award တို့ဖြစ်ပါသည်။

No comments:

Post a Comment