Saturday 20 October 2012

``ဖခင်ဖြစ်သူကလှူ၊ သမီးဖြစ်သူကပြန်တောင်း´´


မန္တလေးမြို့ (၈၆)လမ်း စေတနာလမ်းသွယ်ဟာ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ပိုင်းခြား
ထားတဲ့လမ်းကလေးပါ။ နှစ်စဉ်နှစ်တိုင်း ရွှေတချောင်းရေလျှံမှုကြောင့် လမ်းပျက်စီးမှုတွေကို ရပ်ကွက်ေ နပြည်သူများမှ ရဟန်းရှင်လူများ သွားလာရလွယ်ကူအောင် ပြုပြင်လာတာဟာ နှစ်စဉ်နှစ်တိုင်ပါဘဲ။

(၁၇-၁၀-၂၀၁၂)နံနက်ပိုင်းအချိန်တွင် ထိုလမ်းကလေးကို ကောင်းမွန်အောင် ပြုပြင်သူများမှ ကွန်ကရစ် လမ်းကလေးအဖြစ် ပြုပြင်နေချိန်တွင် ဒေါ်မိမိလေး (ယဉ်ထိမ်းရဲ)ဆိုသူမှ လမ်းပြုပြင်နေသူ ပြည်သူများကို ``ယခုချက်ခြင်း ဆက်မလုပ်ပါနှင့် ဆက်လုပ်လျှင် တရားဥပဒေအရ အရေးယူမည်၊ ကျူးကျော်ထား တာတွေ ကို ချက်ခြင်းဖျက်ပစ်မည်၊ ဆက်လုပ်လျှင် အားလုံးထောင်ကျသွားမည်´´ စသည်ဖြင့် ၀တ်ဆင် ထားေ သာ ယူနီဖေါင်းကိုမှ အားမနာ မသိနားမလည်သော ရပ်ကွက်နေပြည်သူများအား ရိုင်းပြစွာ ခြိမ်းခြောက် ကြိမ်းဝါးပြီး ရှေးအစဉ်ဆက် အုပ်ရိုးလမ်းမှ နောက်သို့ (၅)ပေခန့် အတင်းအားဓမ္မ ဆုတ်ခိုင်း ပါသည်။ မသိနားမလည်သော ပြည်သူများမှလည်း ထိုသူမ၏ ခြိမ်းခြောက်မှုများ ကို ကြောက် လန့်ပြီး နောက် သို့ ဆုတ်ပေးလိုက်ကြပါသည်။

ထိုလမ်းသည် ရှေးအခါက သစ်သားတံတါးဖြစ်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း (၄၀)ခန့်က ရပ်ကွက်နေပြည်သူ များမှ အုပ်ရိုးလမ်းအဖြစ်ပြုလုပ်ခဲ့ကြရာ ရဟန်းရှင်လူများသွားလာရာတွင် ပိုမိုကျယ်ဝန်းရန်အတွက် ရပ်ကွက်ေ နပြည်သူများနှင့် ဒေါ်မိမိလေး၏ ဖခင်ဖြစ်သူ ဦးမဂျစ် တို့မှလည်း လမ်းမြေ အဖြစ် ပေအ နည်းငယ်စီ ပေးလှူခဲ့ကြကြောင်း ရှေ့မှီ နောက်မှီ လူကြီးများ ပြောပြသဖြင့် သိရပါသည်။

ထိုလမ်းကလေးကောင်းမွန်အောင် လှူဒါန်းကြမည့် လမ်းအလှူရှင်များမှလည်း ဒေါ်မိမိလေး (ယဉ်ထိမ်းရဲမေ)၏ ရိုင်းပြသောအပြုမူများကြောင့် ဆက်လက်လှူဒါန်းမှု မပြုလုပ်ကြသဖြင့် လမ်းပြုပြင်ခြင်း ကို ရပ်ဆိုင်းထားလိုက်ရပါပြီ။

ကဲ…….ခုတော့ ဘယ်လိုလုပ်ကြမလဲ၊ ဖခင်ဖြစ်သူက လမ်းမြေအဖြစ်လှူ၊ သမီးဖြစ်သူကပြန်တောင်း ``မြန်မာလူမျိုးမှ ဟုတ်ရဲ့လားဗျာ……….?´´

No comments:

Post a Comment