Saturday 20 October 2012

ပန်းဝါအကြမ်းဖက်မှုနောက်ပိုင်း ဘင်္ဂလားဒေရှ်သို့ မြန်မာပစ္စည်းအ၀င်နည်း

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်)ရာမူးမြို့တွင် အဆောက် အအုံများကိုမီးရှို့ဖျက်ဆီးမှုဖြစ်ပွား ပြီး သုံးပတ် အတွင်း မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး လည်း ကျဆင်းနေကြောင်းသိရ သည်။ အကြမ်းဖ က်မှု များဖြစ်ပွား ပြီးနောက် မြန်မာ့စက်လှေများ သည် ဘင်္ဂလားဒေ့ရှ်ဘက်မှထွက် ခွာသွားကြပြီး ယခုအခါ တွင် တက္က နာမြို့ရှိ နိုင်ငံကုန်သွယ်ရေး ဆိပ်ကမ်းတွင် နယ်စပ်ကုန်သွယ် ရေး (နစက)မှ စက်လှေ (၃)စီး သာကျန်ရှိကြောင်း ဆိပ်ကမ်းအ လုပ်သမားတစ်ဦးက ပြောသည်။

““ရာမူးပြဿနာဖြစ်ကတည်း က မြန်မာစက်လှေတွေ ပြန်သွား ကြတယ်။ အခု လောလောဆယ် တော့ (နစက)လိုင်း ကလာတဲ့ ခြင် ဆေးခွေလုပ်တဲ့ အုံဒုံပင် အခေါက် ခြောက်တွေ၊ ဆီးယိုထုတ်တွေနဲ့ လာတဲ့ စက်လှေ(၃)စီး ပဲရောက် တယ်။ မြန်မာဘက်ဝင်နေကျ သစ်စက်လှေတွေက လုံးဝမလာ တော့ဘူး””ဟု တက်္ကနာရှိ ကုန် သွယ်ရေးဆိပ်ကမ်းအလုပ်သမား ကပြောသည်။ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ကုန် သွယ်ေ ရး တွင် တရားမ၀င် သစ်ကုန်ကူးမှုများ ပြားပြီး ယခုလမှစ၍ မြန်မာ့ရေ တပ်က သင်္ဘောများဖြင့် ကင်း လှည့်စစ်ဆေးနေကြောင်း၊ စက် လှေများအ၀င်နည်းခြင်းဖြစ်နိုင် ကြောင်း ဦးသိန်းက ပြောသည်

““ဘင်္ဂလားမှာလည်း အကြမ်း ဖက်မှုတွေဖြစ်တော့ မြန်မာ့ရေ တပ်က မပြတ်ကင်းလှည့်နေတယ်။ အဲဒီေ တာ့ မှောင်ခိုလမ်းကြောင်း ကလာတဲ့ သစ်လှေတွေက မလာ ရဲကြတာလည်းပါတယ်။ ပြီးတော့ ဒီမှာရှိေ နတဲ့ စက်လှေေ တွလည်း ဘင်္ဂလားမှာမနေတော့ဘဲ မြန်မာ ဘက်ကို ပြန်သွားကြတယ်””ဟု ဦးသိန်း ကပြောသည်။ မြန်မာ ဘက်မှောင်ခိုလမ်းမှ လှေငယ် များနှင့် ၀င်နေကျအ၀တ်အစား ကုန်သည်များလည်း မလာကြ တော့ကြောင်း၊နယ်စပ်မှ ဘင်္ဂါလီ များသာ လူချည်းသက်သက် ခိုး ၀င်မှုများရှိကြောင်း တက္ကနာမြို့ နယ် မြစ်နားရွာသားတစ်ဦးက ဆို သည်။ ““အရင်ကလို အ၀တ်တွေ၊ အထည်တွေ၊ သစ်သားရုပ် တု တွေမလာတော့ဘူး။ ဘင်္ဂါလီတွေ ချည်းပဲ၊ လူ(၆၀)နဲ့ (၁၀၀)လောက် ကို ကျွန်တော်တို့ ရွာဆိပ်ကပဲ တက်ေ နကြတယ်။ ကျန်တဲ့ရွာ တွေမှာလည်း ဒီလိုပဲ၊ မြန်မာ ဘက်ကို ပြန်သွားတဲ့ လူဆိုတာ မရှိသေ လာက်ပါပဲ””ဟု မြစ်နား ရွာ သားကပြောသည်။ ဘင်္ဂလားဒေ့ ရှ်နယ်ခြားစောင့်တပ် (BGB) သည်လည်း ရခိုင်ပြည် နယ် ပဋိ ပက္ခကာလအပြီးတွင် နယ်စပ် ကိုတင်းကျပ်ခဲ့သည့်အတိုင်း ပန်း ၀ါအကြမ်း ဖက်မှု နောက် ပိုင်းတွင် နယ်စပ်လုံခြုံရေးလျော့ရဲနေသည် ဟု သိရသည်။



ref:The Hot News

No comments:

Post a Comment