Saturday 20 October 2012

အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာသော အကူအညီဖြင့် ဒေါ်လာ ၂.၇၃ သန်းထပ်မံလှူဒါန်း

အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာေ သာအကူအညီဖြင့်ထပ်မံ၍အမေရိကန်ေ ဒ်ါလာ၂ဒသမ၇၃ သန်းထောက်ပံ့မည်ဖြစ်ေ  ကာင်း ကြေညာ လိုက်သည်။
ရန်ပုံငွေအသစ်ကို ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် အမိုးအကာ၊ ယာယီဒုက္ခသည် စခန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ လူသုံးကုန်ပစ္စည်းများ၊ ထောက်ပံ့ပေးမည်ဖြစ်သည်။ ထိုအကူအညီများ ထဲမှ မြန်မာအစိုးရ၏ မိတ္တာရပ်ခံချက်အရ မောင်းတောရှိ ရခိုင်တိုင်းရင်းသား များအတွက် ခိုလှုံစရာ အဆောက် အအုံ ဆောက်လုပ်ရန်(UNHCR)က အဓိကအသုံးပြုမည် ဟု ကြေညာချက် တွင် ဖော်ပြထား သည်။ အကူအညီများမှာ ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ(အမေရိကန်၏ သတင်း ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဟု ဖော်ပြထား) လူမျိုးစုံတစ်ခုလုံးအ တွက် ထောက်ပံ့ေ ပးခြင်းဖြစ်ပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူများအပေါ် ခွဲခြားဆက်ဆံမှု မရှိစေရဟူသော မူအပါအ၀င်နိုင်ငံ တ ကာ လူသားချင်းစာနာထောက်ထားသောမူနှင့် စည်းမျဉ်းများ၏ လမ်းညွှန်းချက်အ တိုင်း ဖြစ်စေရမည် ဟု ဖော်ပြထားသည်။


အမေရိကန်ပြည်ထောင်စု ယခင်ကလည်း ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် အမေရိ ကန်ဒေါ် လာ ၂ ဒသမ ၇၃ သန်း ကူညီထောက်ပံ့ခဲ့သည်။

ကနဦးပေးအပ်သော အကူအညီများမှာ ရေ၊ မိလ္လာနှင့် သန့်ရှင်းရေးများ၊ တစ်ကိုယ်ရေး သန့်ရှင်းရေးပစ္စည်း များ ဖြန့်ဝေပေးရန်၊ ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များအတွက် အာဟာရထောက်ပံ့ပေးခြင်းစ သည်တို့ တွင် အသုံးပြုရန် ဒေါ်လာ နှစ်သန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမ င်းကြီးရုံး(UNHCR)   နှင့် ဒေါ် လာ ၇၃၀၀၀၀ ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (unicef) တို့မှတစ်ဆင့် ထောက်ပံ့ ကူညီခဲ့ခြင်း ဖြစ်သည်။
 
ref:7daynews

No comments:

Post a Comment