Saturday 20 October 2012

နန်းခင်ဇေယျာကို ဝေဖန်နေသူများအတွက်....

 


ကျွန်တော်က ညီမလေးနန်းခင်ဇေယျာရဲ့ ပရိတ်သတ် တစ်ယောက်ပါ။။။ ဒီရက်ပိုင်းထဲ နန်းခင်ဇေယျာနဲ့ ပက်သက်တဲ့ ဝေဖန်စာတွေဖတ်ပြီးတိုင်း ကိုယ်တွေအားပေးနေတဲ့ ကလစ်ချက်တွေ နည်းသွားမှာစိုးလို့ ဘာမှပြန် မရေးမိဘူး.... နန်းခင်ဇေယျာပြိုင်ပွဲဝင်မှုကို အဆိုးဘက်ကနေ မြင်နေကြဆဲ ... ဝေဖန်နေကြဆဲ သူတွေကို တွေ့နေမြင်နေရတာ တော်တော်လေး စိတ်ပျက်မိပါတယ်.... တကယ်ဆို ကိုယ်တွေတစ်သက် မှာ ဒီလိုမြန်မာမလေးတစ်ယောက် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်တာမျိုး သိပ် ကိုတွေ့ရခဲခဲ့တာပါ.... ဒီလိုကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းပြင်းနဲ့ ဖိအားပေါင်းစုံကို ရင်ဆိုင်ပြီး ရေခြား ၊မြေခြား မှာ နိုင်ငံကိုကိုယ်စားပြုပြီး ပြိုင်ဖို့ဆိုတာ တော်ရုံယောင်္ကျားတွေအတွက်တောင် ခက်ခဲတဲ့ကိစ္စ တစ်ခု ပါ.... သူဘယ်လောက်တောင် အားငယ်ခဲ့မလဲ... သူ့မှာဘယ်လောက် ကြီးမားတဲ့ ဖိအားတွေ ရင်ဆိုင်ခဲ့ရ မလဲ ..... သူ့အခက်အခဲတွေ ဘယ်လောက်ထိ ရှိခဲ့မလဲ..... ဒါတွေကို ထည့်တွေးခဲ့မယ်ဆိုရင် နန်း ခင်ဇေယျာ မှာ ဘာအရည်အချင်းမှ မရှိပါဘူးဆိုတဲ့ စကားစုကို ပြောရဲတဲ့ပါးစပ်တွေ ပိတ်သွားမှာပါ... သူတို့ကိုယ်တိုင် လည်း ခုချိန်ထိ နိုင်ငံကို ဘယ်တုန်းကမှ ကိုယ်စားမပြုခဲ့ဖူးတာ သေချာပါတယ်....

ယဉ်ကျေးမှု နောက်ဆက်တွဲဘာညာနဲ့ ဆက်ရေးထားတာကိုတွေ့ရတော့ အခုနန်းခင်ဇေယျာက ဘုန်းကြီးကျောင်း ကို ဥပုသ်သီတင်း ဆောက်တည်ဖို့ သွားတာမဟုတ်ပဲ ... Miss International ဖြစ်ဖို့ သွားပြိုင်တယ်ဆိုတာကို ဘာဖြစ်လို့ မေ့ထား ခဲ့လဲ ပြန်မေးကြည့်ချင် တယ်.... နိုင်ငံတကာနဲ့ ယှဉ်ပြိုင် တဲ့နေ ရာမှာ သူ့သတ်မှတ်ချက်တွေ အတိုင်း ပြိုင်ရမှာကို နလပိန်းတုန်းတွေတောင် သိနိုင်ပါတယ်... သူ့ဘာ သာ ဖော်ချင်၊ ချွတ်ချင်လို့ ဒီပြိုင်ပွဲကို သွားပြိုင်တာ မဟုတ်ဘူးဆိုတာ မြန်မာတိုင်းက နား လည်ပေးနိုင် လို့ အားကြိုးမာန်တက် အစွမ်းကုန် ပံ့ပိုးပေးခဲ့တာ မြင်နေ၊တွေ့နေရဲ့နဲ့ သူများထက် ထူးပြီး ဘာဖြစ် လို့ များ တယူသန်အစွဲတွေနဲ့ မကောင်းမြင်နေကြပါသလဲ... အံ့သြမိရပါတယ်....

တကယ်လို့ အဲလိုဝေဖန် ရေးသားနေသူများအနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို တကယ်သာ အလေး အနက် ထား လိုက်နာတယ်ဆိုရင်... ကိုယ်တိုင်လည်း မြန်မာ့ရိုးရာဝတ်စုံကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်ပါ သ လား... မေးကြည့်ချင် ပါတယ်.... သူတို့အဲဒီ ဝေဖန်စာတွေကို ရေးနေချိန်မှာတောင်  အနည်း ဆုံး ဘောင်း ဘီအရှည်ကို ဝတ်ထားပါလိမ့်မယ်.... ကိုယ်တွေ သာမာန် ဒီတိုင်းနေချိန်မှာေ တာင် မြန်မာဝတ်စုံမ ဝတ်ထား မိတာ သတိပြုမိရင် သူမအနေနဲ့ ပြိုင်ပွဲတစ်ခုကို ပြိုင်နေတာပါလားဆိုတဲ့ အတွေးကို တွေး ကိုတွေးပေး ရပါလိမ့်မယ်.... အခုတော့ သူများမျက်နှာက အိုးမဲကိုပဲမြင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင်နိုင်တဲ့ သူလိုဖြစ်နေပါပြီ....

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာဝတ်စုံကို မြန်မာတိုင်း မြတ်နိုးပါတယ်... အဲဒါကို ရဲရဲကြီး အာမခံရဲပါတယ်.... ဒါပေမယ့် နေရာတိုင်းမှာ စာအုပ်ကြီးအတိုင်းလုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး... ဥပမာ... အပြေးပြိုင်ပွဲတစ်ခုမှာ ပုဆိုးနဲ့ ပြေးဖို့ခက်ပါတယ်... ခါးတောင်းကျိုက်ပြီး ပြေးမယ်လို့ ပြောရင်ပြောနိုင်ပါတယ်... ဒါပေမယ့် ခါးတောင်းကျိုက် ကျွတ်မသွားနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး... ဒီတော့ အပြေးပြိုင်ဖို့ အားက စားဘောင်းဘီတိုကို ဝတ်ကိုဝတ်ရပါလိမ့်မယ်... ဒါကိုလက်မခံတဲ့သူဟာ တစ်ဖက်ပိတ် တစ်ယောက်ဆို တာ သေချာပါတယ်....

ပြည်ပနိုင်ငံတစ်ခုခုကို သွားမယ်ဆိုရင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သွားသူများသာ မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ပြီး သွားကောင်းသွားပါလိမ့်မယ်.... သာမာန်လူတွေကတော့ အနောက်တိုင်းဝတ်စုံ၊ ဒါမှမဟုတ် ဖရီးစ တိုင်လ် ဝတ်ပြီး သွားကြတာပါ...  ဘယ်သူမှ ပိုးပုဆိုး၊ ရင်ဖုံးနဲ့ မောင့်ကျက် သရေ ခေါင်းပေါင်းကြီးပေါင်းပြီး သွားကြမှာမဟုတ်ပါဘူး... အခုဝေဖန်စာတွေ ရေးနေသူများကိုယ်တိုင်လည်း ထိုနည်း၎င်းပဲဆိုတာ ၁၀၀% သေချာ ပါတယ်။။။ ကိုယ့်လိပ်ပြာ ကိုယ်လုံရင်တော့ ငြင်းနိုင်ပါတယ်။။။

ထို့အတူပါပဲ ဒီနေ့ခေတ်လူငယ်တွေဟာ မြန်မာ့ရိုးရာ ဝတ်စုံပြည့်ကို ပွဲနေ၊ပွဲထိုင်တွေမှသာ ဝတ် ဆင်ကြေ တာ့ တာ တွေ့ရပါတယ်။။ သင်တန်းချိန်ပြင်ပမှာ အမြဲ ပုဆိုးနဲ့တိုက်ပုံဝတ်ထားရတာ တပ်မတော် တက္ကသိုလ်များက ဗိုလ်လောင်းများပဲ ရှိပါတော့တယ်။။ ဒါဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု တိမ်မြုပ် ပျောက် ကွယ် သွား တာ မဟုတ်ပါဘူး။။ အခြေနေနဲ့ အချိန်အခါအရ ပြောင်းလဲလာခြင်းအချို့ပါ။။ အချိန်နဲ့အမျှ အရေးကြီးနေ တဲ့ ဒီဘက်ခေတ်မှာ အပြေးအလွှားသွားလာ နေကြချိန်မှာ ပုဆိုးတရွမ်းရွမ်းနဲ့ဆို အဆင်မပြေ လှပါဘူး။။ ဒါကြောင့် ဘောင်းဘီရှည်များ ဝတ်ဆင်ကြပါတယ်။။ ဒါပေမယ့် နားနေချိန်များ၊ ကိုယ်ပိုင် အချိန်များမှာ မြန်မာတော်တော်များများ မြန်မာဝတ်စုံကိုပဲ ဝတ်ကြတာပါ။။ ပုဆိုး၊ ထမီတို့ကိုသာ မြတ်နိုးစွာ ဝတ်ဆင်နေကြဆဲပါ။။ ဒါတွေကို သတိထားမိဖို့လိုပါတယ်။။

အခုနန်းခင်ဇေယျာကို ဝေဖန်စာများ တသီကြီး ရေးသားနေကြသူများရော အချိန်ပြည့် မြန်မာဝတ်စုံကိုပဲ ဝတ်ဆင်ပါသလား မေးချင်ပါတယ်။။ အဲဒီရေးသားသူများဆီမှာ  ခုခေတ်ပေါ် ဘောင်းဘီဖင်ကျပ်များ မရှိဘူးလို့ အာမခံပါသလား။။ ဘယ်နေရာကိုသွားသွား ပုဆိုးတရွမ်းရွမ်း တိုက်ပုံတကားကားနဲ့ သွားပါ သလား မေးချင်ပါတယ်။။ အဲဒီ ဝေဖန်စာများ ရေးသူများရဲ့ အစ်မ၊ညီမများကရော မြန်မာ့ရိုးရာဝတ်စုံကို ထိန်းသိမ်းပြီး ဝတ်ဆင်စောင့်ထိန်းကြပါသလား မေးချင်ပါတယ်။။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကိုတောင် မထိန်းသိမ်းနိုင်တဲ့သူတွေက နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေတဲ့သူကို ပုတ်ခတ်တာဟာ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်လို့ မနာလို ဝန်တို ဖြစ်ခြင်းဆိုတာ သိသိသာသာကြီးကို ထင်သာမြင်သာ ရှိစေပါတယ်။။။

နန်းခင်ဇေယျာ ရေကူးဝတ်စုံဝတ်ပါတယ်။။ ဟုတ်ပါတယ်... ကျွန်တော်တို့ မြန်မာတွေမျက်လုံးနဲ့ အမြင် နည်းနည်း ရိုင်းပါတယ်။။။ ကျွန်တော်လက်ခံပါတယ်။။ ဒါပေမယ့် သူမက အဲဒီဝတ်စုံကိုပဲ ပြိုင်ပွဲစဉ် တစ်လျောက် လုံး ဝတ်ဆင်ယှဉ်ပြိုင်နေပါသလား။။ မဟုတ်ပါဘူး။။ သူမဟာ ပြိုင်ပွဲစဉ်တစ်လျောက် မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ကြောင်း အမှတ်အသားဖြစ်တဲ့ မြန်မာချိတ်ထမီနဲ့ မြန်မာဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။။ သူမဟာ ရှမ်းပြည်နယ်က ဖြစ်ကြောင်း ရှမ်းဝတ်စုံနဲ့ ကပြခဲ့ပါတယ်။။ သူမဟာ ပအိုင်းဝ် လူမျိုး ဖြစ်ကြောင်း ပအိုင်းဝ် ဝတ်စုံကို ဝတ်ပြပြီး သိစေခဲ့ပါတယ်။။ သူမမှာ ဘာချို့ယွင်းချက်၊ လစ်ဟာ ချက်မှ မရှိခဲ့ဘူးလို့ ယုံကြည်ပါတယ်။။ ဆီလိုအပေါက်ရှာလိုသူများအတွက်တော့ ကျွန်တော်မ သိပါဘူး ။။။ သေချာတာကတော့ သူမဟာ ကိုရီးယားကားတွေကြည့်ပြီး ကိုရီးယားရူး ရူးနေသူများထက် မနှိုင်းယှဉ် သာအောင်သာပါတယ်။။ သူများမျက်ချေးကိုပဲ မြင်တတ်သူများထက် အဆပေါင်းများစွာ သာပါတယ်။။ ဟုတ်ကဲ့... ကျွန်တော် မြန်မာကိုကိုယ်စားပြုပြီး ဘယ်တုန်းကမှ မပြိုင်ဖူးပါဘူး။။။ ဒါကြောင့် ကျွန်တော့်ထက် လည်း အဆပေါင်းများစွာ သာပါတယ်။။။

မြန်မာနိုင်ငံကို ကျွန်တော်ချစ်ပါတယ်။။။ မြန်မာ့ယဉ်ကျေးမှုကို ကျွန်တော်ချစ်ပါတယ်။။ မြန်မာ့ရိုးရာဝတ်စုံကို ကျွန်တော်မြတ်နိုးပါတယ်။။ ထို့အတူ မြန်မာနိုင်ငံသား အားလုံးနဲ့ ညီမလေး နန်းခင်ဇေယျာသည်လည်း ထပ်တူ ထပ်မျှပဲဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။။ ဒါကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တဲ့ သူ့အတွက် စိတ်ညစ်စရာတွေ မပေးပါနဲ့။။ စိတ်ပျက်အားပျော့စေတာတွေ မဖြစ်စေပါနဲ့။။ သူ့ကိုကန့်လန့် တိုက်ပြီး ဝေဖန်နေမယ့်အစား အားမပေးချင်ရင် မသိချင်ယောင်ဆောင်နေကြပါလို့ ပြောချင်ပါတယ်။။ သိပ်ကိုမြန်မာ ပီသတဲ့ ဝေဖန်သူများအနေနဲ့ မြန်မာလူမျိုးတို့ စွဲကိုင်တဲ့ ဗြဟ္မစိုရ်တရား လေးပါးနဲ့အညီ ကိုယ်အားမပေး ချင်ရင် ဥပေက္ခာပြုပြီး တိတ်တိတ်လေး နေကြပါလို့ မေတ္တာရပ်ခံပါတယ်။။။

(ကျွန်တော်ကတော့ စိတ်ထဲရှိတာကို ချရေးလိုက်ပါပြီ။။။ ကျွန်တော့်ကို ဆဲချင်သူများအနေနဲ့ ဆဲနိုင်ပါတယ်။။ ဒါပေမယ့် ဘာကြောင့်၊ ဘယ်အချက်ကြောင့် ဆဲပါတယ်ဆိုတာ တိတိကျကျ မညွှန်ပြနိုင်ပဲ ဆဲမယ်ဆိုရင်တော့ ကျွန်တော်က လက်ခံမှာ မဟုတ်ပါဘူး။။ ချက်ကျ လက်ကျ တိတိကျကျ ညွှန်ပြပြီး ဆဲမယ်ဆိုရင်တော့ ကျွန်တော် ပြုံးပြုံးကြီး အဆဲခံဖို့အသင့်ပါဆိုတာ ပြောချင်ပါတယ်။။။ )

လေးစားလျက်
အလင်းသစ်

1 comment:

  1. အလင်းသစ်ေ၇းထားတာတွေကိုလုံးဝလုံးဝထောက်ခံတယ်မကူညီချင်နေပါမဖျက်ဆီးချင်ပါနဲ့မြန်မာတယောက်ပီပီမေတ္တာထားတဲ့စိတ်လေးမွေးကြပါအလင်းသစ်ဒီထက်မကေ၇းသင့်တယ်

    ReplyDelete