Tuesday 23 October 2012

မြောက်ဦး ပဋိပက္ခ ကြောင့် လူ ၇ ဦး သေဆုံး၊ မီးရှို့မှုများ ထပ်မံဖြစ်ပွား

ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ တွင် ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကြောင့် ရခိုင် တိုင်းရင်းသား ၅ ဦးနှင့် ဘင်္ဂါလီ ၂ဦး သေဆုံး ကာ ဒဏ်ရာ ရရှိသူ အများအပြား ရှိပြီး မီးရို့မှု များ ထပ်မံ ဖြစ်ပွားလျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့် မြောက်ဦးမြို့ နာရေးကူညီမှု အသင်း၏ စာရင်းများ အရ သိရှိရသည်။

အဆိုပါ ပဋိပက္ခတွင် ဒဏ်ရာ ရရှိသူ ရခိုင် တိုင်းရင်းသား ငါးဦး သည် စစ်တွေမြို့ ဆေးရုံကြီး ၌ အရေးပေါ် ကုသ ရန် ရောက်ရှိ နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ သတင်းပြန်ကြား ရေး ကော်မတီဝင် ဦးမျိုးသန့် က  ပြောကြားသည်။

အစိုးရအဖွဲ့ က သတင်း ထုတ်ပြန် ထားသည့် ရခိုင် တိုင်းရင်းသား သုံးဦး အပြင် မြောက်ဦး မြို့နယ် ယိုင်သည် ကျေးရွာ တွင် ဖြစ်ပွား နေသော ပဋိပက္ခကြောင့် ရခိုင် တိုင်းရင်းသား နှစ်ဦး ထပ်မံ သေဆုံး ခဲ့သဖြင့် စုစုပေါင်း ရခိုင် တိုင်းရင်းသား ၅ဦး သေဆုံးကြောင်း မြောက်ဦးမြို့ နာရေး ကူညီမှု အသင်းမှ ဦးအောင်သိန်း က ရှင်းပြသည်။

"နောက်ထပ် နှစ်ဦး သေဆုံးတဲ့ စာရင်းတော့ အစိုးရ အဖွဲ့က မရရှိ သေးဘူး" ဟု ယနေ့ မွန်းတည့် ၂နာရီ ကျော် တွင် The Voice Weekly ၏ အတည်ပြု မေးမြန်းချက် ကို ဦးမျိုးသန့် က ပြောကြားသည်။

မြောက်ဦးမြို့နယ် ရှိ ရခိုင် တိုင်းရင်းသား များနှင့်ဘင်္ဂါလီ လူမျိုးများ နေထိုင်သော ယိုင်သည် ကျေးရွာ တွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် မီးရှို့မှု ယနေ့ နံနက် ၈နာရီ ကျော် တွင် စတင် ဖြစ်ပွား ခဲ့သည့် အပြင် မင်းပြား မြို့နယ် ပန်းမြောင်း အုပ်စု အနီးတွင်လည်း ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာ တစ်ရွာမီးရှို့ ခံရကြောင်း ဒေသ ခံများထံ ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

မြောက်ဦး မြို့နယ်တွင် ဒဏ်ရာရရှိသူ များစွာ ရှိသော်လည်း စာရင်းအတိ အကျ ရရှိရန် နှင့် ယခု ဖြစ်ပွား နေသော ပဋိပက္ခ များကို ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ဝန်ကြီး နှစ်ဦး အပါအဝင် အကြီးတန်း အရာ ရှိ များ သည် အခင်း ဖြစ်ပွားရာ နေရာများတွင် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံမှ သိရှိရသည်။

အဆိုပါ အခင်း ဖြစ်ပွားရာ ဒေသများ တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ က လုံခြုံရေး အင်အား တိုးမြင့် ထားပြီ ဖြစ်သည်။

မြောက်ဦးမြို့ နှင့် မင်းပြားမြို့ တို့တွင် ပဋိပက္ခ အခြေအနေများ တင်းမာ နေသဖြင့် ဒေသ လုံခြုံရေး အခြေအနေ များ ပြန်လည် ကောင်းမွန် လာစေရန် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ကို အောက်တိုဘာ ၂၂နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ အရေးပေါ် ထုတ်ပြန် ခဲ့သည

Ref -The Voice Weekly

No comments:

Post a Comment