Tuesday 23 October 2012

"KNU မှ ဗဟို ကော်မတီဝင် ၃ ဦး ထုတ်ပယ်သည့်အမိန့် ပြန်လည်ကိုင်တွယ်ရန် သဘောတူညီချက် ရရှိ"

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် ၃ ဦးအား ထုတ်ပယ်သည့် အမိန့်ကိုပြန်လည်ပယ်ဖျက်ပေးရန်အတွက်အရေးပေါ်ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူသွား ရန် နှစ်ဖက် သဘောတူညီမှု ရရှိထားသည်ဟု ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူထူးစေးဖိုး အပါ အဝင် KNU ဗဟိုကော်မတီဝင် ၃ ဦးအား ထုတ်ပယ်သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် KNUနှင့် KNLA ခေါင်းဆောင်များ အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်နေပြီး အပြီးသတ်ဆုံးဖြတ် ချက်ကိုမူ အောက်တိုဘာလ ၂၄ ရက်တွင်မှ ရရှိလိမ့်မည်ဟု ပဒိုမန်း ငြိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။

''မနေ့က (အောက်တိုဘာ ၂၂ ရက်)စပြီး ဆွေးနွေးတာပေါ့။ အခု ထိတော့ ညှိနှိုင်းတုန်းပါ။ အား လုံး တွေ့ပြီး ဆွေးနွေးနိုင်အောင် အရေး ပေါ် ဗဟိုကော်မတီအစည်းအဝေး ခေါ်သွားဖို့ကို မူအားဖြင့် လက်ခံထား ကြပါတယ်''ဟု ၎င်းကပြောသည်။

နေ့ရက်အတိအကျ မသတ်မှတ် ရသေးသော်လည်း အဆိုပါ ဗဟို ကော်မတီအစည်းအဝေးတွင် စစ်ဦး စီးချုပ်ကို ထုတ်ပယ်သည့် အမိန့်အား ပြန်လည်ပယ်ဖျက်ရေး အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ငြိမ်း ချမ်းရေး တည်ဆောက်မှုအပေါ် သဘောထား အမြင် မတူကြခြင်းတို့ကို အဓိက ထား ဆွေးနွေးကြမည် ဟု သိရသည်။

KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ် သာကပေါ ဦးဆောင်သောအဖွဲ့နှင့်KNLA စစ်ဦးစီးချုပ် စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေး နွေးပြီး အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူရန် သဘော တူ ညီမှုရရှိခဲ့ ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရာတွင် KNU အဖွဲ့၏ သဘောတူမှုမပါဘဲ KNLA အနေနှင့်သာ ဖွင့်လှစ်ခဲ့ခြင်း အပါ အဝင် ဗဟိုကော်မတီအစည်းအဝေး များသို့တက်ရောက်ရန် ပျက်ကွက် ခြင်းတို့ကြောင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူထူးစေးဖိုး၊ ဗဟို တရားရေးတာဝန်ခံ ပဒိုဒေးဗစ်တော နှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာနတာဝန်ခံ ပဒိုရောဂျာခင်တို့ အား အောက်တိုဘာ လ ၂ ရက်နေ့က KNU မှ ထုတ်ပယ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်ကို KNLA တပ်မဟာ နှစ် ခုကသာ ထောက် ခံခဲ့ပြီး တပ်မဟာ လေးခုက ကန့်ကွက်ကာ တပ်မဟာ တစ်ခုက ကြားနေအဖြစ် ဆုံးဖြတ်ခဲ့သည်။

ref:popular

No comments:

Post a Comment