Tuesday 23 October 2012

Google ၏ Data များ ထားသိုရာ Data Center

 

မိမိတို့ အသုံးပြုနေတဲ့ Google Talk, Mail, Youtube, Google+ တို့အပြင် အခြားခြားသော Google နဲ့ သက်ဆိုင် တဲ့ အချက်အလက်များကို ဘယ်မှာ သိမ်းဆည်းထား မယ်ဆို တာ စာဖတ်သူတို့လည်း စိတ်ဝင် စားမယ် ထင်ပါတယ်။ Google ဆိုတာ ကမ္ဘာ့အအောင်မြင်ဆုံး Search Engine ကုမ္မဏီဆိုလည်း ဟုတ်ပါတယ်။
လက်ရှိ မြင်တွေ့နေရတဲ့ ဓာတ်ပုံများက Google ရဲ့  Data Center ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက Google အသုံးပြုနေ သူများရဲ့  အချက်အလက်အားလုံးကို ယင်း စင်တာ တစ်ခုတည်းမှာပဲ သိမ်းဆည်းထား တာ ဖြစ်ပါတယ်။ တည်နေရာကတော့ အမေရိကန်နိုင်ငံ၊ အရှေ့ တောင်ပိုင်း North Carolina ပြည်နယ်၊ Lenoir မြို့ က Google ရုံးချုပ် မှာ ဖြစ်ပါတယ်။

ကြီးမားတဲ့အခန်းကျယ်ထဲမှာ စူပါကွန်ပျူတာလို စက်ကြီးများ စီတန်းထားပြီး အချက်အလက်များ မပြတ်အောင် နေ့စဉ် လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ Hardware ပစ္စည်းများ ကို ဂရုစိုက်သလို၊ ဗိုင်းရက်စ် မဝင်ရောက် နိုင်ရန်လည်း နည်းပညာရှင်များ အမြဲစောင့်ကြည့် နေရပါတယ်။

ယင်း အချက်အလက် ပင်မဌာနချုပ် ပုံရိပ်များကို ပထမဆုံး အကြိမ် ထုတ်ဖော် ပြသ လိုက်ခြင်း ဖြစ်ပါတယ်။ Google Map- Street View ကို ပရိုမိုးရှင်းလုပ်ဖို့အတွက်လည်း ရည်ရွယ်ချက်ရှိတာကြောင့် ယခုလို ဖန်တီး ပေး လိုက် တာ ဖြစ်ပါတယ်။ Youtube မှာလည်း Google ရဲ့  ပင်မ ဌာနချုပ် အချက်အလက်သိမ်း ဆည်းရာ စင်တာကို ကြည့်ရှုနိုင်ပါတယ်။
 
 
ref:TSJ

No comments:

Post a Comment