Tuesday 23 October 2012

မြောက်ဦးတွင် မီးရှို့မှု ထပ်မံဖြစ်ပွါး



ရန်ကုန်၊ အောက်တိုဘာ ၂၃

ရခိုင်တိုင်းရင်းသား များနှင့် ဘင်္ဂါလီ လူမျိုးများ နေထိုင်သော ယာဉ်သည်ကျေးရွာတွင်    ယနေ့ နံနက်
၈နာရီကျော်မှ စတင်ကာ အပြန်အလှန် မီးရှို့မှုတစ်ခု ဖြစ်ပွါးနေကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု
အသင်းထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
အဆိုပါ မိရှို့မှုများကြောင့် ဒဏ်ရာရရှိသူများလည်း ရှိနေပြီး ကျန်ကျေးရွှာများတွင် အခြေအနေ တည်ငြိမ်ေ နသော် လည်း ပဋိပက္ခမှုများ ကူးစပ်လာမည်ကို စိုးရိမ်ရကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ
ဦးဦးအောင်သိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ပဋိပက္ခမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။


ref:thevoiceweekly

No comments:

Post a Comment