Tuesday 23 October 2012

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပေဒတွင် ရာခိုင်နှုန်းများမထားရှိရန် နိုင်ငံတော် သမ္မတမှ သဘောထားထုတ်ပြန်

နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပေဒနှင့် ပတ်သက်သောအချက်များ အား အောက်တိုဘာ (၂၂)ရက်နေ့ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ ၌ေ ဆွးနွေး ခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံက သိရှိရသည်။

နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်အနေဖြင့် ပေးပို့သောအချက် များမှ(၅)ချက် ကို ယနေ့ ပြည်ေ ထာင် စု လွှတ်တော်တွင် ဆွေးနွေးကြပြီး သမ္မတထံသို့ ပြန်လည်ပေးပို့မည်ဖြစ်သည်ဟု ဒီချုပ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေကို သမ္မတမှတ်ချက်နဲ့ လက်မှတ်ထိုးပြီး ပေးပို့တာ အဓိက ကျတဲ့အချက်(၅)ချက်ရှိတယ် တခြားဟာတွေလဲရှိပါတယ် ဒါပေမဲ့ စာလုံးပြင်တာလောက်ပဲ သိပ်အရေး မကြီးဘူး။ “ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားသားနှ င့် မြန်မာ လုပ် ငန်းရှ င်တို့သည် တားမြစ်ထားသော လုပ်ငန်းများ ၊ ကန့်သတ်ထားသောလုပ်ငန်းများကို ဖက်စပ် လုပ်ကိုင် မည်ဆိုပါက နိုင်ငံခြားမှမတည်ရင်းနှီးငွေ ၅၀% နှင့် မြန်မာနိုင်ငံသား ရင်းနှီးငွေ ၅၀%ရှိရ မည်ဟု အတည်ပြုခဲ့ သော်လည်း နိုင်ငံတော်သမ္မတသည် ရာခိုင်နှုန်းများ မထားရှိပဲ နည်းဥပဒေနှင့်သာ ဆက်လက် လုပ်ကိုင်ရန် သဘောထားတင်ပြခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

“နိုင်ငံခြားမတည်ရင်းနှီးငွေက ၅၀ရာခိုင်နှုန်း မြန်မာနိုင်ငံသားမှာ၅၀%နှုန် မရှိရင်ဖက်စပ်လုပ် လို့မရဘူးဖြစ်မယ် အဲ့ဒါကြောင့် နိုင်ငံတော်သမ္မတက ၅၀၊ ၅၀ ထားမနေတော့ပဲ ဥပဒေနဲ့အညီလုပ်ဖို့ပြောတယ်။ ဥပဒေကတော့ ပြဌာန်းရင်လည်း ပြဌာန်း၊မပြဌာန်းလည်း နေ ရတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားဖက်စပ်လုပ်ငန်းများတွင် ရာခိုင်နှုန်းများ မပါဝင်ဘဲ နှစ်ဖက်သဘော    တူညီချက် ဖြင့် လုပ်ကိုင်စေခြင်း ၊ မြေငှား ရမ်းခြင်းများပြုလုပ်ပါက မြေအနိမ့်အမြင့်ပြုလုပ်ရာတွင် ကော်မ ရှင်၏ ခွင့်ပြုချက် ဖြင့်သာ လုပ်ကိုင်စေခြင်း၊ နိုင်ငံခြားသားကုမ္ပဏီအား မိမိအစု ရှယ်ယာ အားလုံး ကိုဖြစ်စေ ၊ အချိုးကျကုမ္ပဏီကို အပြီးအပိုင်လွှဲပြောင်း ရောင်းချပေးရန်ပြဌာန်းခြင်းနှင့် မြန်မာအလုပ်သား ၀န်ထမ်းများ ကိုလုပ်သက်၊ အတွေ့ အကြုံ၊ ပညာအရည်အချင်းအလိုက်သာ လစာပေးရေးတို့ကို ပြည်ထောင်စု  လွှတ်တော်သို့ တင်ပြခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။

“နိုင်ငံခြားသားတွေကို ဒီမှာ အလုပ်ခန့်မယ်ဆိုရင် သူတို့ရဲ့လစာနှုန်းထားနဲ့ မြန်မာနိုင်ငံသား   ၀န် ထမ်း တွေရဲ့ လစာကို တန်းတူပေးဖို့ပြည်ထောင်စု လွှတ်တော်က သဘောတူခဲ့တယ်။ ဒါပေမဲ့ သမ္မတက လုပ်သက် ၊ အတွေ့ အကြုံ ၊ ပညာအရည်အချင်းအလိုက်သာ အခွင့်အရေးကို သတ်မှတ်ထားမယ်
တဲ့ ” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အောက်တိုဘာလ(၂၂)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဘားဂျက်ကိစ္စ နှင့်ပတ် သက်ပြီး   ဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဆွေးနွေးဖြစ် ပဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနှင့်ပတ်သက်သော သမ္မတ၏သဘောထားမှတ်ချက်များ ဆွေးနွေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော် နာ.ယ.က၏ ခရီးစဉ်များကို ရှင်းလင်းခြင်းများသာ ပြုလုပ်ခဲ့သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ဘားဂျက်ကိစ္စတော့ မဆွေးနွေးဖြစ်ပါဘူး ၊ ပြည်ထောင်စုလွှတ်တော် နာ.ယ.က ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းပြတယ်။ အရင်ကကိစ္စတွေကို မှတ်တမ်းတင်တယ်။ သမ္မတရဲ့ သဘောထားတွေကို ဆွေးနွေးတယ် ရင်းနှီး မြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဆွေနွေးဖြစ်တာ ပြောရရင် အများကြီးပဲ” ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပေဒပေါ်ထွက်လာရေးအတွက် တတိယပုံမှန် ပြည်သူ့လွှတ်တော် ၊ အမျိုးသား    လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကတည်းက ဆွေးနွေးခြင်းပြီးဆုံးကာ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ တင်ပြထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လာမည့် နိုဝင်ဘာလဆန်းတွင် အပြီးသတ်အ တည်ပြု နိုင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက သုံးသပ်ကြသည်။

No comments:

Post a Comment