Monday 3 September 2012

စုံစမ်းစစ်ဆေးရေး ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်း

ယနေ့ မွန်းလွဲပိုင်းက စတင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေ ခုံရုံးကိစ္စ အတွက် ဖွဲ့စည်းထားသော စုံစမ်းရေးအဖွဲ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နှင့် အဖွဲ့ဝင်များကို အခြေခံဥပဒေ ခုံရုံးက ကန့်ကွက်ထားသဖြင့်အမ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား သည်။ဦးသိန်းဆွေမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်တွင် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး ၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်သည်။

No comments:

Post a Comment