Monday 3 September 2012

"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပါတီအချို့ နှင့် တပ်မတော် သား ကိုယ်စားလှယ်များအားလုံး က မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ် စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်း လက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။

" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်" ဟု ဥက္ကဌ က ပြောကြားသည်။

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေး သင့်ကြောင်း" အဆိုဖြစ်သည်။

No comments:

Post a Comment