Monday 3 September 2012

မိုးသီးဇွန်ပါ ၇ ဦး အဖွဲ့ သတင်းစာရှင်းလင်း

မြန်မာနိုင်ငံတွင်း အစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံ သို့ရောက်ရှိ နေသော မိုးသီးဇွန် အပါအ၀င် ၇ ဦးအဖွဲ့သည် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ၄င်းတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရန် ကိစ္စရပ်များနှင့် လက်ရှိ မြန်မာနိုင်ငံ တွင်း ဖြစ်ပေါ်ပြောင်းလဲနေမှုများကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်လေ့လာရန် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင်နေထိုင်ခွင့်ရသည့် ကာလအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးရာ အဖွဲ့အစည်းများ၊ တွေ့ဆုံသင့်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များကိုေ တွ့ဆုံ
 သွားမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
၎င်းနောက် သတင်းထောက်များမှ မေးခွန်းများမေးမြန်းခဲ့ရာ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန် ၊ ဦးကိုကိုလေး တို့မှ အဓိကဖြေကြားသွားခဲ့ပြီး မြောက်ပိုင်းကျောင်းသားများ သတ်ဖြတ်ခံရမှုကိစ္စရပ် ဆိုင်ရာ မေးခွန်းများအပေါ်တွင် တိကျပြတ်သားသည့် ဖြေကြားမှုမျိုးဖြင့် ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။
၎င်းတို့ အဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၁ ရက်ကြာနေထိုင်ခွင့် ရရှိထားပြီး ၊ထိုသို့နေထိုင်ခွင့်ရစဉ်ကာလအတွင်းလုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိပ်ပြောကြားခဲ့ခြင်းမရှိပေ
၎င်းတို့ ၇ ဦးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး စက်တင်ဘာလ ၂ ရက်က နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့်တွေ့ဆုံခဲ့သလို ၊ ၈၈မျိုးဆက်ကျောင်းသားများနှင့်လည်းတွေ့ဆုံခဲ့သည်။
 

No comments:

Post a Comment