Monday 3 September 2012

သတ္တု အသေးစား တူးဖော်နေမှုမှ အကြီးစား တူးဖော်မှု တိုးမြှင့် ဆောင်ရွက် အဆင့်မြင့် နည်းပညာများ၊ ပညာရှင် များ ပူးပေါင်းမှ သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်မည်


 
ဒေသအဆင့် သတ္တု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ပ တင်ပို့မှု အရည်အသွေး မြှင့်တင်ရေး နှင့်ဈေးကွက် ထိုးဖောက် နိုင်ရေး ဆွေးနွေး ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီ ၂၅ မိနစ်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ကျင်းပရာ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထိုက် တက် ရောက်ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးက ပြောကြားရာတွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း)ဒေသတွင် သတ္တု သယံဇာတ များ ဖြစ်သည့် သံ၊ ရွှေ၊ ဇင့်၊ ခနောက်စိမ်း၊ ခဲမဖြူ၊ ခဲ၊ မင်း ဂနီးစ်၊ ကျောက်မီးသွေး၊ ထုံးကျောက် စသည့် သတ္တုများ ဖြစ်ထွန်း လျက်ရှိကြောင်း၊ ထွက်ရှိနိုင် သည့် သတ္တု အမျိုးအစား ကို စနစ်တကျ ခေတ်မီ နည်းစနစ် များဖြင့် တူးဖော် ထုတ်လုပ်ရန်ဖြစ်ကြောင်း၊ သတ္တု အသေးစား တူးဖော်နေမှုများမှ သတ္တု အကြီးစား တူးဖော်မှု တိုးမြှင့် ဆောင်ရွက်ပြီး သတ္တု သန့်စင်စက်ရုံများ တည်ဆောက် ကာ သတ္တုစင် များထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချ သည်အထိ ကြိုးစား သွားကြရမည်ဖြစ် ကြောင်း၊ ထုတ်လုပ် သည့် သတ္တုစင် များကို နိုင်ငံတကာ သို့ ဈေးကွက် ထိုးဖောက် ရောင်းချနိုင်ရေး အတွက် အများပိုင် ကုမ္ပဏီများ ထူထောင်၍ ကြိုးစား ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များနှင့် အဆင့် မြင့်နည်း ပညာများ၊ ပညာရှင် များပါ ဝင်ရောက်ပူး ပေါင်းလာ မှသာ သတ္တုကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်လာ မည်ဖြစ်ကြောင်း၊ တည်ဆဲ ဥပဒေများ၊ လုပ်ထုံးလုပ် နည်းများ နှင့်အညီ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း၊ ဒေသ အလိုက် လို အပ်လျက်ရှိသည်များ၊ ပြုပြင်ရန် လိုအပ်သည်များ၊ ဖြည့် ဆည်းပေးရန် လိုအပ် သည်များကို ပွင့်လင်းစွာ ဝိုင်းဝန်း ဆွေးနွေး ညှိနှိုင်း ကြရန် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာ ကြားသည်။

အဆိုပါ အခမ်း အနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ လားဟူ၊ အခါ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ ပြည်နယ် မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျိုင်းတုံ တက္ကသိုလ်မှ ဌာနမှူး များ၊ ရှမ်းပြည်နယ် အတွင်း သတ္တု တူးဖော် ထုတ်လုပ် နေသည့် ကုမ္ပဏီ(၄၂)ခုမှ လုပ်ငန်းရှင်များ၊ တာဝန်ခံ များနှင့် စိတ်ပါဝင်စား သူများ စုစုပေါင်း (၄၅ဝ)တို့ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment