Monday 3 September 2012

သက်တမ်း ၄၀ ရှိ ဘောက်ထော်ဈေး အဆင်မြှင့်ရန်တင်ပြ

upgrademarketssss
သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ 
ရန်ကင်း ဘောက်ထော်ဈေးကို တွေ့မြင်ရစဉ်
ရန်ကုန် (မဇ္ဈိမ) ။        ။ သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ဘောက်ထော်ဈေး သည် ဈေးဆိုင်ခန်း များ ဟောင်းနွမ်းေ နခြင်း၊ ဈေးအတွင်း လမ်းများ ကောင်းမွန်မှုမရှိတော့ခြင်းကြောင့် အဆင့်မြင့် ဈေးအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သြဂုတ်လအတွင်း တင်ပြတောင်း ဆိုထား သည်ဟု ဘောက်ထော်ဈေး ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အေးက ပြောသည်။
"ဈေးသူဈေး သားတွေဆီကဆန္ဒမဲကို ပြီးခဲ့တဲ့သြဂုတ်လက ကောက်ခံ ခဲ့တာ။ ပယ်မဲမရှိ ရာခိုင်နှုန်းပြည့်ထောက်ခံ ကြပါတယ်။ ဒါကြောင့် ခရိုင်ရုံးကိုရော ၊စည်ပင်ကိုပါ ပြန်တင်ပြထားပါတယ်" ဟု ဦးအေးကျော်က မဇ္ဈိမကိုပြောသည်။

"ဈေးဆိုင်ခန်းတွေရဲ့ အခြေအနေက ပတ်ဝန်းကျင်အခြေအနေနဲ့ လုံးဝသင့်တော်မှုမရှိတာကြောင့် ဈေး အသစ်ပြန်ဆောက်ပေးဖို့ စည်ပင်ကိုတင်ပြခဲ့ရတာပါ" ဟု ရန်ကင်းဘောက်ထော်ဈေးအတွင်း ကုန်ခြောက် ဆိုင် ဖွင့်လှစ် ထားသည့် ဒေါ်ကြည် ပြောသည်။

ဈေးသူ ဈေးသားများ၏ တင်ပြတောင်းဆိုမှုများရှိသော်လည်း တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက် ရရှိမှသာ
ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီေ ဈးများဌာနမှ ဒုတိယဌာနမှူး ဦးမောင်မောင်အေးက ဆိုသည်။

"ခွင့်ပြုချက်ရရင် ဆောက်လုပ်ဖို့စီစဉ်မှာပါ။ ဆောက်လုပ်ခွင့်ရပြီဆိုရင်လည်း ဈေးဆောက်လုပ် နေစဉ်ကာလအတွင်း ယာယီဈေးဖွင့်လှစ်နိုင်အောင် ဈေးအနီးတစ်ဝိုက်မှာ နေရာချပေးမှာပါ။ အဲဒါတွေ အကုန်လုံး စီစဉ်ပြီးပြီဆိုမှ
ဈေးဆောက်ဖို့ လုပ်ငန်းစတင်မှာ" ဟု ဦးမောင်မောင်အေးက ပြောသည်။

အကျယ်အဝန်း အလျား ၁၅၂ ပေ၊ အနံ ၁၂၇ ပေရှိသည့် ရန်ကင်း ဘောက်ထော်ဈေး မြေဧရိယာအတွင်း ၅x၆ ပေ အကျယ်အဝန်းရှိ ဆိုင်ခန်းပေါင်း ၇၈ ခန်းရှိသည်။

No comments:

Post a Comment