Monday 3 September 2012

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ လိုက်နာစေချင်

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ ၀န်ကြီးချုပ်က ဦးစီးကျင်းပပြု လုပ်သော နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေးကြီးတွင် ရန် ကုန်တိုင်းဒေသကြီးအတွင်း ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ရေး ကြီးကြပ်မှုကော်မတီမှ အဆို ပါတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများဆိုင်ရာ စည်ပင်သာ ယာနယ်နမိတ်များအတွင်း မော် တော်ယာဉ်များ မောင်းနှင်သွား လာနိုင်ရန်ယာဉ်သွားလမ်းမကြီး ပေါင်းများစွာ ရှိနေပေသည်။
အဆိုပါ လမ်းများတွင် လူကူးမျဉ်း ကျားများကိုသတ်မှတ်ထားသော နေရာအသီးသီးတို့တွင် ရေးဆွဲ ထားရှိသည်ကို တွေ့ရသည်။ ၎င်း လူကူးမျဉ်းကျားများနှင့် မော် တော်ယာဉ်များအားလည်းအချက် ပြ မီးပွိုင့်တို့မှာ လမ်းဆုံ၊ လမ်းခွ၊ လမ်းဖြတ်များတွင် ခြေလျှင်သွား လုပ်သားပြည်သူများနှင့် လမ်း ဖြတ်ကူးသူတို့အကြား မော်တော် ယာဉ်မောင်းနှင်ကြသူများနှင့်လုပ် သားပြည်သူ အများ ဘေးအန္တရာယ် ကင်းစွာမောင်းနှင်နိုင်စေရေး၊သွား လာနိုင်စေရေးအတွက် ရည်ရွယ် ၍ နိုင်ငံ၏ဘဏ္ဍာငွေ များဖြစ်သ လို၊ ပြည်သူတို့၏ ငွေကြေး များဖြင့် သက်ဆိုင်သော အဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာတို့မှ အကုန်အကျခံ အရင်းအနှီးများ စွာတို့ဖြင့် ပြုလုပ်ပေးထားသည် ကိုလည်း ပြည်သူအများအသိ/ အမြင်တို့ဖြင့် အလေးထားကြရန် လိုအပ်ပါကြောင်း မော်တော် ယာဉ် မောင်းနှင်ကြသော ယာဉ်မောင်း များ၊ အများပြည်သူတို့ စီးနင်းကြ သော မော်တော်ယာဉ်လိုင်းအသီး  သီးတို့မှ ယာဉ်မောင်းကြီးများနှင့် ယာဉ်နောက်လိုက်တို့မှာလည်း အဆိုပါတိုင်းဒေသကြီးအတွင်းရှိ လူကူးမျဉ်းကျားများ မီးပွိုင့်များနှင့် မိမိမောင်းနှင်လျက်ရှိသော ယာဉ် ကို စက်အရှိန်များ ကို လျှော့၍ မောင်းနှင်ပြီး မိမိတို့၏ လိုရာခရီး ကိုသွားလာကြပါကဘေးအန္တရာယ် ကင်းစင်ပါ မည်  ဖြစ်ပါကြောင်း၊ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ကြီး၏စည်းကမ်း ချက်များ၊ဆောင် ပုဒ်များကို လိုက်နာကျင့်သုံးရာ လည်းဖြစ်သလို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အ စည်းများ၏ စည်းကမ်းနည်းလမ်း ဥပေဒပိုင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းများအား လိုက်နာဆောင် ရွက်ရာ လမ်းဖြစ်စေပါသည်။ စည်းမျဉ်းစည်းကမ်း၊ နည်းလမ်း၊ ဥပဒေပိုင်းဆိုင်ရာတို့အား လိုက် နာမှုမရှိသောယာဉ်၊ ယာဉ်မောင်း ယာဉ်နောက်လိုက်တို့အား စည်း  ကမ်းများကြပ်မတ်ရန်၊ လိုက် နာဆောင်ရွက်မှုများ မရှိခဲ့ပါက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင် ရွက်နိုင်ရန်နှင့် တိုင်းကျော် နယ် ကျော်၊ ယာဉ်နှင့်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦး စီးဌာနအနေဖြင့် ပွိုင့်ချက်များမှ မှတ်သားတင်ပြတိုင်တန်းချက်များ အရ ဆက်လက်စိစစ်၍ ဆောင် ရွက်ရန် ရည်ညွှန်းစာဖြင့် ဖော်ပြ ဆုံးဖြတ်ခဲ့ကြသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လူကူးမျဉ်း ကျားများရှိရာနေရာများနှင့် ပွိုင့် များရှိရာ နေရာများတွင် စည်း ကမ်း ဖောက်ဖျက်သော ယာဉ် အမျိုးမျိုးနှင့် မော်တော် ယာဉ်လိုင်းပေါင်းစုံမှ ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ယာဉ်အမျိုးအစားခွဲခြားသတ်မှတ် ကာ မှတ်တမ်းတင် ယာဉ်စာရင်း များ ပြုစုပြီးနောက် ၀န်ကြီး(လမ်း ပန်းဆက်သွယ်ရေး)သို့ နေ့ရက် များမထပ်စေဘဲ ထပ်ဆင့်တင်ပြ ကာ တိုင်းဒေသကြီးများ အသီးသီး နှင့် တိုင်းဒေသဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ သက်ဆိုင်ရာ  ဌာနများသို့ အဆင့်ဆင့် ဆက် သွယ်ရေးကွန် ရက်များပြုကာ တိုင်းကျော်နယ်ကျော် ယာဉ် မောင်း၊ ယာဉ်အမျိုး မျိုး၊ ယာဉ် နောက်လိုက်တို့အားလည်း စည်း ကမ်းလိုက်နာ၊ ပြည့်မှီ ကျင့်သုံး ဆောင်ရွက်နိုင်စေရန်နှင့် ဘေး အန္တရာယ်ကင်းစင်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ လေးစားလိုက်နာ ရေး၊ ကျင့်ဆောင်နေထိုင်ရေး စသောအရေးများအား လုပ်သား ပြည်သူများအတွက် အစဉ်ရှေ့ရှု အလေးထားကာ ၁၆-၈-၂၀၁၂ ရက်နေ့ (၈)နာရီအချိန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၀န်ကြီး ချုပ် ဦးစီးကျင်းပပြုလုပ်သော အစည်းအဝေးကြီးမှ လမ်းညွှန်ချ မှတ်လိုက်သော နိုင်ငံရေးနှင့်လုံ ခြုံရေးဆိုင်ရာ ကိစ္စများ၊ စည်းကမ်း  များလိုက်နာစေရေး၊ တရားဥပဒေ စိုးမိုးနိုင်စေရေး၊ ဥပဒေအား လေး စားလိုက်နာစေရေးများကို အ လေးထားဖော်ဆောင်ဆုံးဖြတ်ခဲ့ သည်မှာ လုပ်သားပြည်သူများ အတွက် ဖြစ်ပါကြောင်း၊ နိုင်ငံ တော်သစ်၊ ခေတ်သစ်၊ စနစ်သစ် များနှင့် ဖော်ဆောင် တက်လှမ်း ဆောင်ရွက်နေသည့်အတွက်အဆို ပါ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ လုပ်ငန်း ဖော်ဆောင် ဆုံးဖြတ်မှု များမှာ ပြည်သူအများအတွက် သာဖြစ်ပါကြောင်းကို ထင်ဟပ်၊ မြင်ဟပ်ပေါ်လွင်နေ ပါကြောင်း ရေးသားမှတ်တမ်းတင်ဖော်ပြအပ် ပါသည်။

No comments:

Post a Comment