
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးအား စွပ်စွဲပြစ်တင်မှုကိစ္စများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ် များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က
“ခုံရုံးတာဝန်ရှိတဲ့သူတွေကို ၃ကြိမ် လွှတ်တော်ကို ဖိတ်ခေါ်ခဲ့ပေမယ့်
လာရောက်ခြင်းမရှိပါဘူး။ ထို့ကြောင့် ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ
ပြည်သူ့လွှတ်တော် က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာကို
ဖတ်ကြားတင်ပြပါမယ်။ ပြီးရင် အမျိုးသားလွှတ်တော်ရဲ့
စွပ်စွဲပြစ်တင်မှုကို ပြည်သူ့လွှတ်တော်က သဘော တူခြင်းရှိမရှိ
မဲခွဲဆုံးဖြတ်ပါမယ်။ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရင်
စွပ်စွဲပြစ်တင်တဲ့ အဆို ပြည်သူ့လွှတ်တော်မှာ အတည်ဖြစ်ပါမယ်။
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှ နာယက ထံ တင်ပြပြီး နာယက ထံမှ
တစ်ဆင့် နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြသွားဖို့ ရှိပါတယ်။ ဒီကိစ္စတွေအားလုံး
အဆင့်ဆင့်ဆောင်ရွက်ပြီးရင် ခုံရုံးဘက်က ထပ်မံ တောင်းဆိုတာမျိုးတွေ ဘာမှ
လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။” ဟုပြောကြားခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြီးဆုံး မည်ဖြစ်ကြောင်း လွှတ်တော်ဆိုင်ရာ အခမ်းအနား အစီအစဉ်များအရ သိရှိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးများ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြီးဆုံး မည်ဖြစ်ကြောင်း လွှတ်တော်ဆိုင်ရာ အခမ်းအနား အစီအစဉ်များအရ သိရှိရသည်။
No comments:
Post a Comment