Thursday 6 September 2012

ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ

From-  မြ၀တီ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် Police General Wichean Potephosreeဦးဆောင်သော အဖွဲ့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ၌ တွေ့ဆုံလျက် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်ရှိ ပြည်သူများ၏ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အကြား လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန် လာစေရေး၊ နယ်စပ် ဒေသရှိ ပြည်သူများ၏ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ခြင်းဖြင့် ဒေသ တည်ငြိမ် အေးချမ်းမှု ပိုမို ရရှိ လာစေရေး၊ အတိတ် သမိုင်းကြောင်း အပေါ် သင်ခန်းစာ ဖော်ထုတ်၍ အနာဂတ်တွင် နှစ်နိုင်ငံ ရင်းနှီးပွင့်လင်း မြင်သာစွာ ဆက်ဆံ၍ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment