Thursday 6 September 2012

နေ့စဉ်လုပ်အားခတိုးမြှင့်မည့်အစီအစဉ်အား ပြန်လည်သုံးသပ်ရန် ထိုင်းအစိုးရကို စီးပွားရေးအုပ်စုများတိုက်တွန်း

From- The Voice Weekly

ထိုင်းနိုင်ငံတစ်ဝန်း လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းမှစ၍ တစ်နေ့တာလုပ်အားခကို ဘတ် ၃၀၀(မြန်မာ ကျပ်ငွေ ၇၇၀၀ခန့်) အဖြစ်တိုးမြှင့်သတ်မှတ်မည့် ထိုင်းအစိုးရအဖွဲ့၏ အစီအစဉ်အား ပြန်လည် စိစစ်သုံးသပ်ရန် ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းများက တိုက်တွန်းထားကြောင်း The Nation သတင်
းစာကရေးသားဖော်ပြသည်။
ထိုင်းအစိုးရ၏ ရှုပ်ထွေးနက်နဲလှသောအဆိုပါမူဝါဒများက ထိုင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခြားေ သာနိုင်ငံများ(အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် အိမ်နီးချင်းနိုင်ငံများ) သို့ ပြောင်းရွှေ့ သွားအောင်တွန်းအားပေးသလိုဖြစ်နေကြောင်း၊ နေ့စဉ်လုပ်အားခစနစ်တကျတိုးမြှင့်ပေးနိုင်ရေးအတွက် စံသတ်မှတ်ချက်တစ်ခုထားရှိရန်လိုအပ်ကြောင်း အဆိုပါ ပုဂ္ဂလိကဆိုင်ရာ စီးပွားရေးအသင်းအဖွဲ့များက အစိုးရကိုတိုက်တွန်းပြောဆိုသည်။ ထိုင်းကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(TCC)မှ ဒုတိယဥက္ကဌ Bhumindr Harinsult က “ဥရောပဇုန်ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အတက်အကျလျင်မြန်စွာဖြစ်ပေါ်နေချိန်တွင် ထိုင်းအစိုးရအနေဖြင့် နေ့စဉ်လုပ်အားခတိုးမြှင့်မည့် အစီအစဉ်ကို အလောတကြီးမလုပ်ဆောင်သင့်ကြောင်း” အကြံပြုပြောကြားသည်။

“တကယ်လို့ ထိုင်းအစိုးရကသာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်အားခတိုးမြှင့်မယ့်မူဝါဒကို လာမယ့်နှစ်မှာ အကောင်အထည်ဖော်မယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်မှုတွေတိုးမြင့်လာမှာပါ။ စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ မြင့်မားတဲ့စရိတ်စကတွေကြောင့် လုပ်ငန်းတွေရပ်ဆိုင်းပစ်ရလိမ့်မယ်၊ ဒါမှမဟုတ် အလုပ်သမားတွေ၊ ဝန်ထမ်းတွေလျှော့ချပစ်ရလိမ့်မယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။ TCC ၏ ကိန်းဂဏန်းများအရ လုပ်အားခမြင့်တက်လာခြင်းကြောင့် ယခုနှစ်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ၇ ရာခိုင်နှုန်းမှာ လုပ်ငန်းဆက်လက်လည် ပတ်နိုင်မှုမရှိတော့ကြောင်း၊ အလုပ်လက်မဲ့နှုန်းထားမှာလည်း ဧပြီလတွင် ၀ ဒဿမ ၇ ရာခိုင်နှုန်းရှိရာမှ ယခုအခါ ၁ ဒဿမ ၁ ရာခိုင်နှုန်းသို့တိုးမြင့်လာကြောင်းသိရသည်။ အကယ်၍ ထိုင်းအစိုးရကသာ ယင်းမူဝါဒကိုအကောင်အထည်ဖော်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံခြားသားအလုပ် သမားများကို မဖြစ်မနေငှားရမ်းရမည်သာဖြစ်ကြောင်း၊ သို့မဟုတ်ပါက လုပ်ငန်းရပ်တန့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment