Thursday 6 September 2012

တိုင်းမှူးသစ်ကြောင့် စစ်ဗျူဟာပြောင်းလဲမည်

From-  ရွှေဟင်္သာသတင်းဌာန

K_057bbgမြောက်ပိုင်းတိုင်း ဌာနချုပ်တွင် စက်တင်ဘာ (၂) ရက်နေ့၌ တိုင်းမှူး အသစ် ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ တိုင်းမှူး အသစ်မှာ ဗိုလ်ချုပ် ထွန်းထွန်းနောင်ဖြစ်ပြီး၊ တိုင်းမှူး အဟောင်းမှာ ဗိုလ်ချုပ် ဇေ ယျာေ အာင် ဖြစ်ပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး၊(TNLF) တို့ကို ပြည်သာယာ စစ်ဆင်ရေး စီမံကိန်းဖြင့် တိုက်ခိုက်နေသော အချိန်ကာလ ဖြစ်ပါသည်။ ဤကဲ့သိုသော အချိန်မျိုး၌ တိုင်းမှူး အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းပင်ဖြစ်ပါသည်။ ဤသည် စစ်ရေးအရ ထူးခြားမှုပင် ဖြစ်ပြီး၊ စစ်ဆင်ရေး၏ ပထမပိုင်း မအောင်မြင်မှုကို ဖေါ်ပြရာလည်း ရောက်ပါသည်။ မည်သို့ပင်ဆိုစေ ဤတိုင်းမှူး သစ်အပြောင်း အလဲကြောင့် မည်သို့ဖြစ်လာနိုင်ဖွယ် ရှိသည်များကို သိရှိနိုင်ရန် အသစ် ခန့်အပ်ထားသော တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်နောင် ၏ အခြေအနေတချို့ကို ဖေါ်ပြရန် လိုအပ်လာပါသည်။ သူဘယ်လိုလူမျိုးပါလဲ။ သူ၏ ကိုယ်ရေး အချက်အလက်များကို မသိသော်လည်း ရန်သူအကြောင်း ကိုယ့်အကြောင်းဆိုသည့် မူနှင့် အခြေခံ စဉ်းစားပါ ကတိုင်းမှူးအသစ်၏ အကြောင်းကို KIO က ဘယ်လောက် သိသလဲ မေးမြန်း ရန် ဖြစ်လာပါသည်။
ဤသို့ဖြင့် KIO ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းနှင့် (စက်တင်ဘာ ၆) ရက် မနက်၁၁ နာရီမှာ ဆက်သွယ်ခွင့် ရလာခဲ့ပါသည်။ ရွှေဟင်္သာ သတင်းဌာနသည် ရန်သူအကြောင်း ကိုယ့်အကြောင်း အမြင်အရ ဦးလာနန်းအား အောက်ပါအတိုင်း မေးမြန်းခဲ့ပါ သည်။
K_008900
KIA တပ်ဖွဲ့များချီတက်အလေးပြုနေပုံ(ဓါတ်ပုံ KIA)
                                                 
ရွှေဟင်္သာသတင်းဌာန။     ။ မင်္ဂလာပါ ဦးလာနန်း။ အခုမြောက်ပိုင်းတိုင်းတိုင်းမှူးအသစ်ခန့်တာကို KIO က သိပြီးဖြစ်ပါ လိမ့်မယ်။ ဒီတိုင်းမှူးအပြောင်းအလဲနဲ့ပါတ်သက်ပြီး၊ KIO က ဘယ်လိုရှုမြင်ပါသလဲ။
ဦးလာနန်း။   ။ ခန့်တာက စက်တင်ဘာလ (၂) ရက်နေ့က တာဝန်လွှဲအပ် ပေးသွားတာပါ။ ဒီနေရာမှာ စဉ်စားစရာအ ချက် တစ်ခုတော့ ရှိတယ်ခင်ဗျ။ အခု ဒီမှာရောက်လာတဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ဆိုသူကတော့ အရင်က ကျနော်တို့ နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန် စဖြစ်ခဲ့တဲ့ အချိန်က တပ်မ (၈၈) ဗိုလ်မှူးအနေနဲ့ စစ်ဆင်ရေး လာလုပ်တာရှိခဲ့တယ်။ တိုက်ပွဲကို ပြင်း ပြင်းထန်ထန်ဖေါ်တယ်။ သူ့ရဲ့ တပ်ဖွဲ့ တွေဆိုရင်လဲ ရွာတွေကို မီးရှို့တာမျိုး အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ် တာမျိုးအ များကြီး လုပ်ခဲ့တယ်။ စစ်ဆင်ရေးတွေကိုလည်း သူကိုယ်တိုင် ကိုယ်ကျ တပ်မဟာမှူးအနေနဲ့ရော ရှေ့တန်း စစ်ဆင်ရေးမှူး အနေနဲ့ပါ ဒီဒေသမှာ (၅လ ၆ လလောက် တာဝန်ထမ်းဆောင် ခဲ့ဘူးတာရှိတယ်။
ရွှေဟင်္သာသတင်းဌာန။    ။  အဲဒီအချိန်တုန်းက သူ့ရဲ့ စစ်ရေးစွမ်းဆောင်ခဲ့မှုအပေါ်မှာ KIA ဖက်က ဘယ်လိုသုံး သပ်လဲခင် ဗျ။
ဦးလာနန်း။   ။ သူနဲ့ တိုက်ပွဲ အတော်များများကို တိုက်ခဲ့တယ်။ ချုပ်လိုက်ရင် သူ့တပ်တွေ အထိနာခဲ့တယ်။ အကျအဆုံးများခဲ့ တယ်။ အဲဒီတုန်းက တိုက်ပွဲအစပိုင်းဆိုတော့ ကျနော်တို့ တပ်တွေကလည်း အင်နဲ့အားနဲ့ တိုက်ခဲ့တယ်။ ခပ်ပြင်းပြင်းပေါ့ ဗျာ။ သူ့တပ်တွေ အတော်ခံခဲ့ရတယ်။ အဲဒီလိုမျိုး ခံခဲ့ရတဲ့ စစ်ရေး ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူး ဘ၀အနေနဲ့ ပြန်ရောက်လာ တယ်ဆိုတော့ စဉ်စားစရာ အကြောင်းတော့ ရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တပ်မ (၈၈) ကျဆုံးမှုတွေ အများကြီးရှိခဲ့တယ်။ ဒီအချက်ကို သူ့အနေနဲ့ အမှတ်ရနေအုံးမှာပါ။ နောက်တစ်ခုကတော့ ဒီ ကချင်ဒေသမှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး လုပ်ခဲ့ဘူးတယ်။ အဲဒီကိစ္စအပေါ်မှာလဲ သူ့ဆီမှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့ သူဒီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ပြန်လည် တာဝန် ထမ်းဆောင်လာတဲ့အတွက် ဒီကိစ္စ တွေအပေါ်မှာ စဉ်စားစရာအချက်က များစွာရှိလာပါတယ်။
K_21212121
အခမ်းအနားတခု၌ စစ်ရေးပြနေသော KIA တပ်ဖွဲ့များ (ဓါတ်ပုံ KIA)

အဲဒီတော့ တိုက်ပွဲတွေက ပိုပြီးပြင်းထန် လာနိုင်သလို ဒီဒေသအတွက် တည်ငြိမ်မှုဆိုတာ မျှော်လင့်ချက်တွေ သိပ်ပြီး တော့ ထားစရာ မရှိတော့ပါဘူး။ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်းလာနိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ပြောပြောနေတဲ့ အစိုးရရဲ့ တွေ့ဆုံဆွေးနွေးရေး၊ ရာသက်ပန် ငြိမ်းချမ်းရေး တည်ဆောက်ရေးတွေ ဆိုတာဟာ အကြား ကောင်းအောင် ပြောနေတာ သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို သိပ်ပြီးတော့ မျှော်လင့်ချက် မရှိတော့ပါဘူး”ဟု ဆိုပါသည်။
အစိုးရသည်၊ ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်သောင်းကို စေခိုင်းပြီး KIO နှင့် (၃) ကြိမ်ဆွေးနွေးခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချိန်ရောက် လုလုနီးနီး၌ သမ္မတသည် လူပြောင်းပြီး ဦးအောင်မင်း တို့အဖွဲ့ကို အစားထိုး လိုက်ပါသည်။ ဤအချိန်မှစပြီး KIO နှင့် အစိုးရသည် အခြေအနေအသစ် ကိုပြန်ရောက် စေပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ များနှင့်သာ ဖြစ်လာခဲ့ပါသည်။
ဦးအောင်မင်းတို့သည် KIO နှင့်တတိယအကြိမ် အလွတ်သဘော အနေဖြင့် ရှမ်းပြည်နယ် မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးရန် ဇူလိုင်လ (၁၇) ရက်နေ့၌ နောက်ဆုံး ကမ်းလှမ်းထားခဲ့ပါသည်။ KIO သည် ၄င်းကမ်းလှမ်းချက်ကို ပယ်ချပြီး နှစ်ဖက်သြဇာ လွှမ်းမိုးမှုမရှိသော တရုတ်နိုင်ငံ ရွှေလီမြို့၌ အဆိုပြုခဲ့ပါသည်။ ဤသည် KIO နှင့် အစိုးရတို့ ၏နောက်ဆုံးတွေ့ဆုံဆွေးနွေးပွဲ အခြေအနေဖြစ်ပါသည်။
ဤအခြေအနေမျိုး၌ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ်ကို ပြောင်းလဲ ခန့်အပ် လိုက်ခြင်းဖြစ်ပါသည်။ ဤသည်ကို ထောက်ရှု ခြင်းအားဖြင့် KIO နှင့် အစိုးရတို့၏ အခြေအနေသည် ပြင်းထန်သော တိုက်ပွဲများဖက်သို့ ပြောင်းသွားခဲ့ပြီးဖြစ်သည်ဟု ယူဆ နိုင်ပါသည်။

No comments:

Post a Comment